purple feminist

Period walk of shame မလုပ်တော့ဘူး…

ရာသီလာတယ်ဆိုတာကို ဘယ်တုန်းကမှထွေထွေထူးထူးမတွေးခဲ့မိဖူးဘူး။ တစ်ခုပဲ။ ငယ်ငယ်က ညဘက် အပေါ့ထသွားရင်း သွေးစဆင်းတော့ pad စခံရတယ်။ အဲ့တုန်းကအိမ်သာထဲမှာ ငါတစ်သက်လုံးနေ့တိုင်းဒီ pad ကြီးအတွင်းခံမှာ၀တ်ရတော့မှာပဲဆိုပြီး မှားတွေးပြီးငိုဖူးတယ်။ အဲ့ရယ်စရာလေးတော့မှတ်မိတယ်။


Read More
purple feminist

Virginity Value

လူ့အဖွဲ့အစည်းတစ်ခုအတွင်း ခေတ်မှီတိုးတက်ခြင်းကို အထပ်မြင့်တိုက်များ ကုန်တိုက်များရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေးပိုမိုလွယ်ကူလာခြင်း၊ နည်းပညာတိုးတင်ခြင်းတို့နဲ့ တိုင်းတာကြပါတယ်။ လူသားအချင်းချင်းလေးစားမှု တည်ဆောက်ခြင်း၊ ခွဲခြားဆက်ဆံမှုနှင့် အနိုင်ယူဗိုလ်ကျခြင်းများမရှိခြင်းတို့ကို ဖြည့်စွက်ပြောလျှင် ငြိမ်းချမ်းခြင်းနှင့်အတူ ပို၍ ခေတ်မှီခြင်းဖြစ်ပါလိမ့်မယ်။


Read More
purple feminist

ရာသီလာခြင်းနှင့် အယူအဆ အလွဲများ

ရာသီလာနေတယ်ဆိုတာကို သူများတွေသိမှာ ငယ်ငယ်တုန်းက ကြောက်ခဲ့ဖူးတယ်….

သူငယ်ချင်းတွေကြားထဲမှာ နောက်ဆုံးမှ ရာသီလာတဲ့သူလို့ပြောရမယ်။ အစက ညီမနားမလည်ခဲ့ဘူး…..သူတို့တွေ အိမ်သာထဲ အထုတ်မည်းလေးတွေ ကိုင်ပြီးဘာလုပ်တာလဲဆိုတာကို။ အတန်းထဲကြည့်လိုက်ရင် အကုန်လုံးနီးပါးက ရာသီလာတာကို မိန်းကလေး အချင်းချင်းတောင် မသိစေချင်ကြဘူးလေ။


Read More
purple feminist

မြန်မာဘယ်မှာလဲ

သမိုင်းတစ်လျှောက်လုံးမှာ ဖြစ်ခဲ့တဲ့ ပြဿနာက ခုချိန်ထိကို ဖြစ်နေဆဲပဲ။ Myanmar is moving backward လို့ပဲ ပြောလိုက်ရမယ်ထင်တယ်။ ပါဝါရှိတဲ့ မြန်မာအမျိုးသမီးများဟာ မြန်မာနိုင်ငံတွင် မိန်းမတွေက ယောကျာ်းတွေနည်းတူ ကောင်းကောင်းမွန်မွန် ဆက်ဆံခံရပါတယ်လို့ ပြောလိုက်။

Read More
purple feminist

ဘာသာတရားအမည်ခံ လိင်ခွဲခြားခြင်းယဉ်ကျေးမှု

မြန်မာနိုင်ငံက ဘာသာတရားအမျိုးမျိုး အတူတူယဉ်တွဲနေထိုင်လျက်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ မတူညီတဲ့ ကိုးကွယ်မှုတွေထဲကတူညီတဲ့ အရာတစ်ခုကတော့ ဘာသာတရားအမည်တပ်ကာ လိင်ခွဲခြားတဲ့ရိုးရာဓလေ့ဖြစ်ပါတယ်။

Read More
purple feminist

Stop Sexual Harassment​

ကိုယ့်အသက်၁၂နှစ်ပြည့်တော့မွေးနေ့အမှတ်တရဘုန်းကြီးကျောင်းမှာဆွမ်းကပ်မယ်ဆိုပြီးအပါး- (အဖေကိုအပါးလို့ခေါ်ကြတာပါ) ကဆွမ်းအတွက်စီစဉ်ပြီးမောင်လေးရယ်ကိုယ်ရယ်အပါးရယ်ဘုန်းကြီးကျောင်းကိုချီတက်ကြပါတယ်။ အမေနဲ့ညီမကအလုပ်မအားလို့မလိုက်ခဲ့ပါဘူး။

Read More