“ကြီးတော်စကားဝိုင်း” ပေါ့ကတ်စ်မှာ၂၀၁၉ ခုနှစ်ကတည်းကပါဝင်ဆွေးနွေးပေးခဲ့တဲ့ မြန်မာအမျိုးသမီးတွေအကြောင်း မိတ်ဆက်ပေးနိုင်ဖို့အတွက် “ကြီးတော်အသံ” ကမ်ပိန်းကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။ “ကြီးတော်စကားဝိုင်း” ပေါ့ကတ်စ်ကို မြန်မာ့အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့အသံတွေကို မြှင့်တင်ဖော်ထုတ်နိုင်ဖို့အတွက်စီစဥ်တင်ဆက်တာဖြစ်ပါတယ်။ ယခုလက်ရှိအချိန်အထိ စာပေ၊ သိပ္ပံ၊ နိုင်ငံရေး၊ ဘာသာရေး စသဖြင့်ကဏ္ဍအသီးသီးမှာလုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီးအယောက်(၅၀) ကျော်ကို အင်တာဗျူးခဲ့ပြီးဖြစ်ပါတယ်။ ဒီကမ်ပိန်းကနေတစ်ဆင့် ပေါ့ကတ်စ်ပါဝင်ပေးခဲ့တဲ့ “ကြီးတော်” တစ်ယောက်ချင်းစီတိုင်းကို ဂုဏ်ပြုနိုင်ဖို့အတွက်ရည်ရွယ်ပါတယ်။ ကမ်ပိန်းတစ်လျှောက်မှာ “ကြီးတော်” တွေရဲ့အကြောင်းနဲ့  သူတို့ဆွေးနွေးပေးခဲ့တဲ့ ပေါ့ကတ်စ်အပိုင်းတွေကို ပြန်လည်မျှဝေပေးသွားမှာဖြစ်ပြီး ကမ်ပိန်းပြီးဆုံးခါနီးမှာတော့ “ကြီးတော်စကားဝိုင်း” ပေါ့ကတ်စ်တွေအကြောင်းပိုမိုလေ့လာနိုင်ပြီး အားလုံးပါဝင်ဆင်နွှဲနိုင်မယ့်ပွဲလေးတစ်ခု စီစဥ်ပေးသွားမှာဖြစ်ပါတယ်။

ကမ်ပိန်းကာလကတော့ ၂၀၂၁ခုနှစ် နိုဝင်ဘာလကနေ၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိပဲ ဖြစ်ပါတယ်။ကြီးတော်တွေတစ်ဦးချင်းစီရဲ့အကြောင်းနဲ့ သူတို့ဆွေးနွေးပေးခဲ့တဲ့ ပေါ့ကတ်စ်တွေကိုနားဆင်ဖို့ စောင့်မျှော်ပေးကြပါဦး။

The G-Taw Athan campaign aims to highlight the Myanmar women who have taken part in G-Taw Zagar Wyne Podcast since  2019. Our podcast was created to provide a platform to amplify women and girls’ voices in Myanmar. We have interviewed over 50 Myanmar women who are working in different fields such as literature, sciences, politics, religions and more. This campaign is to honour and celebrate them and their hard work. Throughout the campaign, we will share each of G-Taw’s work, and the episode with us, and close it with an open event for you all to join to learn more about our Podcast and beyond. The campaign period will be from November 2021 to January 2022.

Promoting G-Taw Profiles on Facebook:

View More On Facebook 

4
March
“ G-Taw Zagar Wyne | Live podcast recording “
place
View Details

Promoting G-Taw Zagar Wyne Podcast:

Listen our podcast here