ရာသီလာတာ ရှက်စရာမဟုတ်ပါဘူး
ရာသီသွေးလာတာရှက်စရာမဟုတ်ပါ။ ကျွန်တော်တို့လူအသိုင်းအဝိုင်းမှာ ရာသီသွေးလာတာ ရှက်စရာလို့ မြင်ကြတဲ့ လူတစ်ချို့ ရှိကြသေးတယ်ဗျ။ လူ့အသိုင်းအဝိုင်းဆိုတော့ လူကြီး၊ လူငယ်၊ ကျား၊မ အကုန်ပါတာပေါ့ဗျာ။
ရာသီသွေးလာတာရှက်စရာမဟုတ်ပါ။ ကျွန်တော်တို့လူအသိုင်းအဝိုင်းမှာ ရာသီသွေးလာတာ ရှက်စရာလို့ မြင်ကြတဲ့ လူတစ်ချို့ ရှိကြသေးတယ်ဗျ။ လူ့အသိုင်းအဝိုင်းဆိုတော့ လူကြီး၊ လူငယ်၊ ကျား၊မ အကုန်ပါတာပေါ့ဗျာ။
လူသားတွေ ဆုတောင်းဖို့ သွားတဲ့ ဘုရားကျောင်းမှာ အမျိုးသမီးတွေ ဒီလောက်နာကျင်နေတဲ့အချိန် ဘာလို့ သွားပြိး ဆုတောင်းခွင့်မရကြတာလဲ?
ဘုရားဆိုတာ ဖေးမကယ်တင်ရှင်လို့ ခံယူနေတဲ့အချိန် ဒီမိန်းကလေးတွေ ဘာလို့ သူတို့ဆီ ခိုလှုံခွင့်မရတာလဲ?
တစ်ကမ္ဘာလုံးရဲ့လူဦးရေတစ်၀က်လောက်တစ်နှစ်ကို ၁၂ ခါဖြစ်နေကျတဲ့ Period, Menstruation (ရာသီလာတယ်) ဆိုတာက ညစ်ညမ်းတယ်၊ ဘုန်းနိမ့်တယ်၊ လာဘ်ပိတ်တယ် လို့ပြောမယ်ဆိုရင် ရာသီလာတဲ့ဖြစ်စဉ် ကိုအခြေပြုလို့မွေးဖွားလာတဲ့ ကျွန်တော်တို့က ပိုလို့တောင် ညစ်ညမ်းတယ်၊ ဘုန်းကံနိမ့်ပါးတယ်၊ လာဘ်လာဘတွေကင်းမဲ့ကြတယ်။
ကျွန်မ ရာသီစလာတဲ့နေ့က မှတ်မှတ်ရရ နာဂစ်မုန်တိုင်းမတိုက်ခင်တစ်ရက်။ အဲ့တုန်းက ကျွန်မရဲ့ မိန်းမတစ်ယောက်အဖြစ် ဖြစ်တည်မှုဟာ သိပ်လွယ်ကူအေးချမ်းနေမှာမဟုတ်တဲ့ ရှေ့ပြေးနမိတ်ပုံတစ်ခုလို့ ကျွန်မတွေးမိတယ်။
ရာသီလာတယ်ဆိုတာကို ဘယ်တုန်းကမှထွေထွေထူးထူးမတွေးခဲ့မိဖူးဘူး။ တစ်ခုပဲ။ ငယ်ငယ်က ညဘက် အပေါ့ထသွားရင်း သွေးစဆင်းတော့ pad စခံရတယ်။ အဲ့တုန်းကအိမ်သာထဲမှာ ငါတစ်သက်လုံးနေ့တိုင်းဒီ pad ကြီးအတွင်းခံမှာ၀တ်ရတော့မှာပဲဆိုပြီး မှားတွေးပြီးငိုဖူးတယ်။ အဲ့ရယ်စရာလေးတော့မှတ်မိတယ်။
လူ့အဖွဲ့အစည်းတစ်ခုအတွင်း ခေတ်မှီတိုးတက်ခြင်းကို အထပ်မြင့်တိုက်များ ကုန်တိုက်များရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေးပိုမိုလွယ်ကူလာခြင်း၊ နည်းပညာတိုးတင်ခြင်းတို့နဲ့ တိုင်းတာကြပါတယ်။ လူသားအချင်းချင်းလေးစားမှု တည်ဆောက်ခြင်း၊ ခွဲခြားဆက်ဆံမှုနှင့် အနိုင်ယူဗိုလ်ကျခြင်းများမရှိခြင်းတို့ကို ဖြည့်စွက်ပြောလျှင် ငြိမ်းချမ်းခြင်းနှင့်အတူ ပို၍ ခေတ်မှီခြင်းဖြစ်ပါလိမ့်မယ်။
ရာသီလာနေတယ်ဆိုတာကို သူများတွေသိမှာ ငယ်ငယ်တုန်းက ကြောက်ခဲ့ဖူးတယ်….
သူငယ်ချင်းတွေကြားထဲမှာ နောက်ဆုံးမှ ရာသီလာတဲ့သူလို့ပြောရမယ်။ အစက ညီမနားမလည်ခဲ့ဘူး…..သူတို့တွေ အိမ်သာထဲ အထုတ်မည်းလေးတွေ ကိုင်ပြီးဘာလုပ်တာလဲဆိုတာကို။ အတန်းထဲကြည့်လိုက်ရင် အကုန်လုံးနီးပါးက ရာသီလာတာကို မိန်းကလေး အချင်းချင်းတောင် မသိစေချင်ကြဘူးလေ။
သမိုင်းတစ်လျှောက်လုံးမှာ ဖြစ်ခဲ့တဲ့ ပြဿနာက ခုချိန်ထိကို ဖြစ်နေဆဲပဲ။ Myanmar is moving backward လို့ပဲ ပြောလိုက်ရမယ်ထင်တယ်။ ပါဝါရှိတဲ့ မြန်မာအမျိုးသမီးများဟာ မြန်မာနိုင်ငံတွင် မိန်းမတွေက ယောကျာ်းတွေနည်းတူ ကောင်းကောင်းမွန်မွန် ဆက်ဆံခံရပါတယ်လို့ ပြောလိုက်။
မြန်မာနိုင်ငံက ဘာသာတရားအမျိုးမျိုး အတူတူယဉ်တွဲနေထိုင်လျက်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ မတူညီတဲ့ ကိုးကွယ်မှုတွေထဲကတူညီတဲ့ အရာတစ်ခုကတော့ ဘာသာတရားအမည်တပ်ကာ လိင်ခွဲခြားတဲ့ရိုးရာဓလေ့ဖြစ်ပါတယ်။
ကိုယ့်အသက်၁၂နှစ်ပြည့်တော့မွေးနေ့အမှတ်တရဘုန်းကြီးကျောင်းမှာဆွမ်းကပ်မယ်ဆိုပြီးအပါး- (အဖေကိုအပါးလို့ခေါ်ကြတာပါ) ကဆွမ်းအတွက်စီစဉ်ပြီးမောင်လေးရယ်ကိုယ်ရယ်အပါးရယ်ဘုန်းကြီးကျောင်းကိုချီတက်ကြပါတယ်။ အမေနဲ့ညီမကအလုပ်မအားလို့မလိုက်ခဲ့ပါဘူး။