ရာသီလာနေတယ်ဆိုတာကို သူများတွေသိမှာ ငယ်ငယ်တုန်းက ကြောက်ခဲ့ဖူးတယ်….

သူငယ်ချင်းတွေကြားထဲမှာ နောက်ဆုံးမှ ရာသီလာတဲ့သူလို့ပြောရမယ်။ အစက ညီမနားမလည်ခဲ့ဘူး…..သူတို့တွေ အိမ်သာထဲ အထုတ်မည်းလေးတွေ ကိုင်ပြီးဘာလုပ်တာလဲဆိုတာကို။ အတန်းထဲကြည့်လိုက်ရင် အကုန်လုံးနီးပါးက ရာသီလာတာကို မိန်းကလေး အချင်းချင်းတောင် မသိစေချင်ကြဘူးလေ။