“ Mental Health Webinar “

“Mental Health” Webinar will be streamed LIVE on Purple Feminists Group’s official Facebook Page. The LIVE webinar will be discussed by Ma Su Su Maung, CEP and Principal Consultant of Citta Consultancy and host by Nandar (Founder and Director of Purple Feminists Group). 

 

Sayama Su Su Maung Bio, 

Su Maung is the Founder, CEO, and Principal Consultant. She is a Licensed Marriage and Family Therapist, Board Certified Tele-Mental Health Provider, and a Certified Mental Health Integrative Medicine Provider. She has an MA in Counseling Psychology, a BA in Psychology, a Post-Graduate Advanced Training Certificate in Psychodynamic Psychotherapy, a Specialized Certificate in Online Teaching and a Certificate in Social Sector Leadership. She was a faculty and clinical supervisor at Myanmar Clinical Psychology Consortium and an instructor of Psychology at the Academy of Art University in San Francisco. Having intimate knowledge and lived experiences of various cultures, and being multilingual in English, Burmese and Mandarin, she is skilled as a cultural and relational broker for organizations and communities developing human and social capital in a changing world. Her professional interests are in complex trauma and attachment issues, collective and intergenerational trauma, cross-cultural issues, life transitions, loss and grief, organizational therapy, couple and family therapy, early prevention community mental health, creativity, learning and motivation, identity development, women’s issues and feminism, human sexuality, and LGBTQ issues.

 

The webinar will be LIVE on 23rd May, 2021 7:00pm (Myanmar Time).

Purple Feminists Group Facebook >> Purple Feminist Group

Read More

“ Bridging The Gap “

As part of the #GtawAthan campaign that we ran to remember our G-Taws who have been a part of our inclusion journey in amplifying women and girls voices in Myanmar, we are very pleased with the engagement from our audiences.  This event aims to have an open dialogue between Sayama Naw Eunice who is working as a Senior Program Officer (Gender and Livelihoods) at SWISSAID Myanmar and Ma Nandar, the founder of Purple Feminists Group. The goal of this event is to officially close our #GTawAthan Campaign while having meaningful and important conversations about pre and post-coup gender issues that are happening inside Myanmar. The discussion will be between 1-2 hours in the Burmese language. 

Please join us to listen about why continuing to raise awareness of gender equality and amplifying women and girls’ voices is important and how can we all be a part of this inclusion journey individually as well. 

Register required to join the event. The event would be in the Burmese language. 

Read More

WINNER – ” Hmwe(မွှေး) “

Feminist Literature Competition(5)

WINNER – ” Hmwe(မွှေး) “

” ဒီကာလတွေမှာ ” တိမ်တွေလွင့်နေတာတွေ့ရင် ဒါမှမဟုတ် တစ်ခုခုလွင့်နေတာမြင်ရင် မျှော်လင့်ချက်တွေကိုသွားသွားသတိရတယ် ‌ဪ လွင့်ပါးပျောက်ဆုံးနေတာငါတစ်ယောက်တည်းမှမဟုတ်ပဲ။ ကောင်းကင်ကကြယ်တွေကြွေတော့ မြေပြင်ပေါ်ကြွေကျပြီး မြေပြင်ကကြယ်တွေကြွေတော့ ညကောင်းကင်ကကြယ်တွေကိုမော့မကြည့်ရဲဘူး အရာရာတိုင်းအတွက် ငါလိပ်ပြာမလုံဘူးလေ။ ဒီကာလတွေမှာ ငါ့စိတ်အဆင်ဟာ မိုးပေါက်တွေကျနေတဲ့ ကန်ရေပြင်လိုမငြိမ်သက် ငါဟာဆယ်ကျော်သက်ပါ သစ်ရွက်လေး‌တွေလှုပ်ရင် ရင်ခုန်ချင်ပါတယ် သို့သော် ငါတို့တိုင်းပြည်မှာလေ ဆယ်ကျော်သက်တွေရဲ့အမေတွေ သစ်ရွက်ရောင်မြင်ရင် ရင်တုန်နေရတယ်။ ငါနဲ့ကျောင်းအတူတူတက်တဲ့သူငယ်ချင်း သံတိုင်တွေနောက်ကအမှောင်ခန်းထဲမှာ ငါပို့လိုက်တဲ့ ကဗျာစာအုပ်တွေဖတ်လို့ဘယ်အဆင်ပြေပါ့မလဲ။ ငါနဲ့အတန်းတူတူလစ်တဲ့သူငယ်ချင်း တောနက်ကြီးထဲ တစ်ယောက်တည်းလစ်ထွက်သွားတယ် “နှောင်ကြိုးတွေနဲ့ကောင်မင်းနေခဲ့”တဲ့။ ဒီကာလတွေမှာလေ ငါရဲ့စိတ်ဝိဉာဥ်ကို ကလေးလေးတွေမှုတ်ထုတ်လိုက်တဲ့ ဆပ်ပြာပူပေါင်းလေးတွေလို စိတ်လိုလက်ရ ပေါက်ကွဲပစ်လိုက်ချင်ပါတယ် ဒါပေမဲ့ ငါဟာဆပ်ပြာပူဖောင်းလေး‌လေ။ ငါ့တိုင်းပြည်မှာပဲငါပျော်တယ် ငါ့တိုင်းပြည်မှာပဲငါနေပြီး ငါ့တိုင်းပြည်ကိုငါပြန်လွမ်းတယ်။ ဘာတွေလည်းကွာ ဘယ်လိုကြီးလဲ ကလေးအစခွေးအဆုံး မတရားဘူးဆိုတာသိနေပါလျှက်နဲ့ လက်သုံးချောင်းနဲ့အနီရောင်အလံကို ရင်ထဲမှာပဲ တလူလူလွှင့်ထူထားရတယ် စိတ်တွေကိုထိန်းနိုင်ဖို့ ကော်ဖီတစ်ခွက်ထက်သေနတ်တစ်လက်ကို ဒီအချိန်မှာပိုလိုအပ်ပါတယ်။ အမှန်အတိုင်း၀န်ခံရရင်လေ အချစ်အကြောင်းတွေပဲကဗျာရေးချင်တယ် စစ်အကြောင်းတွေမရေးချင်ဘူး ပုံမှန်လူငယ်ဆိုတာက‌လေ အသည်းကွဲပြီးရေရေလည်လည်‌မူးရမှာကွ လက်နက်ကိုင်ပြီး ရေရေလည်လည်ဆဲရမှာမဟုတ်ဘူး။ စိတ်ဟာသမုဒ္ဒရာထဲမှာရွက်လွှင့်နေတယ် တွတ်ပီ‌စာအုပ်တွေစာအုပ်စင်မှာရှိသေးတယ် ဒါပေမဲ့ တွက်ပီသီချင်းသစ်တွေမရှိတော့ဘူး ငါတော့အခန်းထဲကအိပ်ရာပေါ်မှာကျန်ခဲ့တယ် ငါ့စိတ်ကိုတော့ တပ်အဖြစ်လှော်ပြီး သမုဒ္ဒရာထဲရွက်လွှင်ထားတယ် သူသွားလိုရာသွားပါစေကွယ်။ လူငယ်တွေရဲ့စိတ်ပဲတက်လွယ်ကျလွယ်မှာပေါ့ ဒါပေမဲ့လေ လုပ်ပါအုံး ငါ့စိတ်ဝိဉာဥ်ကငါ့ခန္ဓာကိုယ်ဆီပြန်မ၀င်ချင်တော့ဘူးတဲ့ တစ်သီးတခြားဆီထွက်ပြေး‌နေတယ်။ “စိတ်နဲ့လူနဲ့ကပ်ဖို့ကူညီကြပါအုံး”လို့ငါအော်ခေါ်တော့ အားလုံးကငေးကြည့်ရုံပဲကြည့်နေကြတယ် ဪ သူတို့တွေလည်းစိတ်နဲ့လူနဲ့မကပ်ကြဘူးပဲ။ − Hmwe(မွှေး)

Read More

WINNER (poem) – Seng Mai

Feminist Literature Competition Round-4

WINNER (poem) – Seng Mai .

“ လေဆန်တဲ့ကြိုးကြာ “ လူအုပ်ထဲသွားဖို့ မဝံ့သူ လမ်းပေါ်ထွက်ဆန္ဒပြ ဦးဆာင်နိုင်သူဖြစ် ဘယ်လိုအရာတွေက တွန်းအားပေးခဲ့လဲ။ အမေဆူလို့ ဝမ်းနည်းခံစားခဲ့သူ သေနက်ကိုင်တဲ့လက်နဲ့ ရိုက်နှက်မှုကို အံတုနိုင်သူဖြစ် ဘယ်လိုအရာတွေက တွန်းအားပေးခဲ့လဲ။ အသားဟင်းမပါရင် မစားသူ ရက်ပေါင်းကိုးဆယ် ထောင်ထမင်း၊ဟင်း စားနိုင်သူဖြစ် ဘယ်လိုအရာတွေက တွန်းအားပေးခဲ့လဲ။ မွေ့ယာပါးလို့ ကျောအောင့်တယ်လိုဆိုခဲ့သူ သံတိုင်တွေနောက်ကွယ် သလင်းပြင်ထက်အိပ်နိုင်သူဖြစ် ဘယ်လိုအရာတွေက တွန်းအားပေးခဲ့လဲ။ အဆောင်နေချိန် အမေကိုလွမ်းလို့ငိုခဲ့သူ အင်းစိန်ထောင်ရှေ့ ငိုသူမိခင်ကို အပြုံးနှင့်နှုတ်ဆက်သူ ဘယ်လိုအရာတွေက တွန်းအားပေးခဲ့လဲ။ ကြောင်ကလေးအသွင် မူယာနူးညံ့သိမ်မွေ့လှသူ တောထဲသွားဖို့ ကျားတစ်ကောင်အသွင်ဆုံးဖြတ်နိုင်သူ ဘယ်လိုအရာတွေက တွန်းအားပေးခဲ့လဲ။ မီးမလာရင်ကြောက်တတ်တဲ့သူ တောနက်ကြီးရဲ့ အမှောင်ညမှာ ဖျားနာသူကိုဖေးမပေးနေသူ ဘယ်လိုအရာတွေက တွန်းအားပေးခဲ့လဲ။ အဲဒီတွန်းအားဟာ ဘယ်လောက်ကြီးမားတယ်ဆိုတာ မမေးတော့ပါဘူး ကြိုးကြာရယ် လေဟုန်ကိုဆန်ပြီး အမှောင်ညကိုကျော်ဖြတ်ကြမယ် ရောင်နီလာလုနီးပြီး အားတင်းထားပါ ကြိုးကြာရယ်… အရေးတော်ပုံအောင်ရမည်။ SengMai

Read More

“Special Selections” – Spica Lin 💜

Feminist Literature Competition Round-3

“Special Selections” – Spica Lin 💜

. ကျမနှင့် ကျမလုပ်ငန်းခွင် “အလုပ်သွားရဦးမယ်” ဆိုတဲ့ စကားလုံးက သူများတွေအတွက် ပျော်စရာမဟုတ်ရင်တောင် စိတ်ဆင်းရဲစရာ စိတ်အနှောင့်အယှက်ဖြစ်စရာတော့ ရှိမည်မထင်ပါဘူး။” ဖြူဖြူရဲ့ဘဝမှာတော့ ပညာမတတ်ခဲ့တာကိုပဲ အပြစ်တင်ရမလား။ ဆင်းရဲနေတဲ့ ဘ၀ကိုပဲအပြစ်တင်ရမလား။ သူများတွေလို ကြွကြွရွရွလှလှပပလေး ရုံးတက်ရုံးဆင်းမလုပ်နိုင်အောင် အလုပ်ကြမ်း လုပ်နေရသူ။ အလုပ်တွေပင်ပန်းပေမယ့် မိဘကို ကိုယ့်အင်ကိုယ့်အားနဲ့ တတ်နိုင်သမျှလုပ်ကျွေးခွင်းရတာ ပျော်ရပါသည်။ ဖြူဖြူ သက်ပြင်းတစ်ချက်ချလိုက်ပြီး ထမင်းချိုင့်လက်ကိုင်ကို တင်းတင်းဆုပ်ကိုင်၍ အားယူလိုကသည်။ အလုပ်နေရာနဲ့နီးလာလေ မျက်နှာကတည်တင်းလာလေမို့ စိတ်ကလည်း မသက်မသာဖြစ်ရသည်။ “ဟော….. ဟိုမှာ ငါ့မယားလေးလာပြီ… ဘယ်လိုဖြစ်လို့ နောက်ကျနေတာလဲဟ…နောက်နေ့ နောက်ကျရင် မစောင့်တော့ဘူးနော်… ခြောက်နာရီအရောက်လာခဲ့ ကြားလား” ဖြူဖြူခေါင်းကို ဆတ်ခနဲ့ ညိတ်ပြပြီးအသင့်ယူလာတဲ့ ပုဆိုးကြမ်းတစ်ထည်ကို ခေါင်းမှာ ချည်လိုက်ကာ ကားပေါ်ကိုတွယ်တက်လိုက်သည်။ အုတ်သယ်ရတဲ့ အလုပ်က မိန်းကလေးတွေအဖို့ ခက်ခဲပင်ပန်းပေမယ့် မိန်းကလေး ဆယ်ယောက်ကျော် ဒီကားပေါ်မှာ ပါလာခဲ့သည်။ နေအပူဒဏ် အုတ်ဆယ်လုံးရဲ့ အလေးဒဏ်တွေက ဒီမိန်းကလေးတွေကို စိတ်ညစ်အောင်မလုပ်နိုင်ပါဘူး။ အရာရာကို ရင်ဆိုင်ကာ ပြုံးပျော်လှုပ်ရှား သွက်လက်တက်ကြွနေကြသည်သာ…. “မိဖြူရယ်… အလုပ်တောင်မစသေးဘူး… မျက်နှာကြီးကလည်းစူပုပ်နေတာပဲ…ဘယ့်နှယ်ဖြစ်နေတာတုန်း…” “အဘိုးကြီးက မယားလေးလို့ခေါ်တာ ငါမကြိုက်ဘူး…အရမ်းမုန်းတာပဲ” “ဟား..ဟား….သူက စတာပါဟယ်… တို့ကိုလည်းခေါ်တာပဲ…နင်ကစူပုပ်နေတော့ ပိုရန်စချင်တာပေါ့။ ဘာမှမသိသလို ဘာမှမဖြစ်သလိုနေလိုက်ရင် ပြီးတာပဲကိုး…” “ဟဲ့…မသိသလိုနေလို့ရမလား…သူ့သမီးအရွယ်လေးတွေကို ပါးစပ်အရသာခံပြီး စော်ကားနေတာလေဟဲ့…မသိသလိုနေလို့ရမလား…သူ့သမီးအရွယ်လေးတွေကို ပါးစပ်အရသာခံပြီး စော်ကားနေတာလေဟဲ့… ဟိုနေ့က အောင်ဇော်က မေးသေးတယ်… တကယ်လားတဲ့။ သူက စပ်ဖြဲဖြဲလုပ်နေတော့ ငါကပဲသူ့တိတ်တိတ်ပုန်းမယား လုပ်နေသလိုလိုနဲ့…ငါလေ…သတ်ပစ်ချင်လိုက်တာ။” “သူက ရန်စတာပါဟာ…နောက်တော့ ရိုးပြီးမစတော့ပါဘူး… မကြားချင်ယောင်သာဆောင်နေလိုက်ပါ…သူက ခေါင်းဆောင်လေ…သူအလုပ်မခေါ်ရင် ငါတို့ငတ်လိမ့်မယ်။ ခုချိန်အလုပ်တွေရှားနေတာ…နင်လည်းသိသားပဲ။ နင်တစ်ယောက်တည်းကို ခေါ်တာမဟုတ်ပါဘူး။ ငါတို့ဆို ‘ဖေ’ တွေဘာတွေနဲ့ ကိုင်တုတ်နေတာပဲဟာ…စိတ်ထဲမထားပါနဲ့။” “အလုပ်မလုပ်လို့…အလုပ်လုပ်တာမှားလို့ ဆဲတာက ငါခံနိုင်ပါတယ်။ မနက်အလုပ်ကို ရောက်တာနဲ့ “မယားလေးလာပြီ” တို့၊ “မိန်းမနောက်ကျနေတယ်”တို့ ပြောတာ သိပ်ရွံတာပဲ။” “အေး…ဟုတ်တယ်။ ငါလည်း အလုပ်နားရမှာစိုးလို့ငြိမ်နေရတာ…ဟိုရက်တုန်းကလည်း အုတ်တွေ ငုံ့စီနေတာကို နောက်ကနေ ဓာတ်ပုံရိုက်သေးတယ်…ရှက်လို့မသိချင်ယောင်ပဲဆောင်နေလိုက်ရတယ်။ ပြောပြန်ရင်လည်း ဒင်းကတဏှာရူးဆိုတော့ ဖြုံမှာတောင်မဟုတ်ဘူး။ နှာဘူးအကြီးစားကြီးပဲ… စိတ်ဆင်းရဲတယ် တကယ်ပဲ……” “ဘယ်တတ်နိုင်မလဲဟာ…အလုပ်မလာနဲ့ ပြောလိုက်ရင် ငါတို့ဘာလုပ်စားရမှန်းတောင်မသိဘူး” “ဒင်းကြီး တစ်ခုခုဖြစ်ပြီး သေသွားပါစေပဲ ဆုတောင်းရတော့မယ်။ နှမသားချင်းလည်း မစားဒင်းကြီး တစ်ခုခုဖြစ်ပြီး သေသွားပါစေပဲ ဆုတောင်းရတော့မယ်။ နှမသားချင်းလည်း မစာနာဘူး….နှာဘူး” “ဟုတ်တယ်….အဲ့မသာကြီး…ဟိုနေ့က ငါ့ကိုရန်စသလိုလိုနဲ့ ချုပ်ဖက်ထားတာ ရှက်လိုက်တာ မပြောပါနဲ့” “ယောကျ်ားလေးတွေကလည်း တစ်ခွန်း၀င်မပြောပေးတာ တကယ် အံ့သြတယ်။” “သူတို့လည်း ဘာထူးလဲ…မိန်းကလေးတွေ ဘဝကမလွယ်ပါဘူးဟာ…ပညာတတ်အသိုင်းအဝိုင်းတွေသူတို့လည်း ဘာထူးလဲ…မိန်းကလေးတွေ ဘဝကမလွယ်ပါဘူးဟာ…ပညာတတ်အသိုင်းအဝိုင်းတွေတို တော်သေးတာပေါ့… မိန်းကလေးတွေအတွက် ဥပဒေတွေရှိတယ်သာ ပြောနေကြတာ….ငါတို့လို ဆင်းရဲတဲ့ မိန်းကလေးတွေ ဘဝမှာတော့ နေရာတကာ အကာအကွယ်မဲ့ စော်ကားခံနေရတာပါပဲ” “မိန်းကလေးတွေ အကုန်လုံး သက်ပြင်းကိုယ်စီနဲ့ မျက်နှာမကောင်းကြပေမယ့်လို့ ခံပြင်းစိတ် မကျေနပ်ချက်တွေဖြင့် အလုပ်တွေတော့ ဆက်လုပ်ရဦးမည်။” “မိန်းမ…မနိုင်ဘူးလား…ကိုကြီး ပင့် ပေးမယ်လေ…လာ….” ‘ဘုတ်….” “အား…အောင်မလေး….” “ဟယ်..ကန်တော့ ကန်တော့…. သမီးက ခါးကိုင်ရင်ယောင်တတ်လို့ပါ ကိုကြီးရဲ့…ဟယ်….ဒုက္ခပါပဲ…သွေးတွေထွက်နေပြီ…လုပ်ကြပါဦး….” “သေပါပြီ….သေပါပြီ….” “ဆရာ….ထိုင်လိုက် ထိုင်လိုက်…နင်ဘယ်လိုလုပ်တာလဲဟာ….” “ကိုကြီးက ခါးလာဖက်တော့ ယားလို့ယောင်ပြီး ပစ်ချလိုက်တာပါ….သမီး ဘာလုပ်ပေးရမလဲဟင်…အမလေး နေပါဦး….ရေသွားဝယ်ပေးရမလား…လုပ်ဦး” “ဟ…နင် ကဆုန်ပေါက်နေတာ ဒီမှာတက်နင်းမိတော့မယ်…သွား သွား…. ဆက်လုပ်…” အုတ်တွေကိုစီပြီး ခေါင်းပေါ်တင်ပေးရင်း ဖြူဖြူတို့ မိန်းကလေးတွေ ပြုံးစေ့စေ့ဖြင့် စိတ်ထဲအတော်လေး ကျေနပ်သွားကြသည်။ နှုတ်နဲ့စော်ကားခံနေရတဲ့ ဘဝကနေ ရုန်းမထွက်နိုင် မလွတ်မကျွတ်နိုင်ပေမယ့်လို့ စက္ကန့်ပိုင်းလောက် စိတ်ကျေနပ်ပျော်ရွှင်ခွင့်ကို ဖန်တီးပေးခဲ့တဲ့ ဖြူဖြူကို မျက်လုံးချင်းဆုံတိုင်း ပြုံးပြကြသည်။ ပါးစပ်နဲ့စော်ကား အသားယူတတ်သည့် တဏှာရူး နှာဘူးကောင်ကြီး ခြေထောက်ပေါ်အုတ်ခဲပိပြီး ပါးစပ်ပိတ်နေတဲ့ အခိုက်အတန့်မှာ ဖြူဖြူတို့အဖွဲ့ အလုပ်လုပ်ရင်း တက်ကြွပျော်ရွှင်နေကြသည်။ အင်အားနည်းသူတစ်ယောက်ရဲ့ကာကွယ်မှုက ဘာမှ ထူးထူးခြားခြားမပြောင်းလဲနိုင်သော်လည်း တစ်နေ့နေ့မှာတော့…. လူ့ အသိတရားနဲ့ ပြောင်းလဲလာပါစေ ကိုယ်ကျင့်တရားနဲ့ ပြောင်းလဲလာပါစေ ဥပဒေ အကာအကွယ်နဲ့ ပြောင်းလဲလာပါစေ ကိုယ်ချင်းစာစိတ်ဖြင့် ပြောင်းလဲလာပါစေလို့ ဆုတောင်းမိပါသည်။ ပြောင်းလဲလာတဲ့တစ်နေ့မှာတော့ ပင်ပန်းကြမ်းတမ်းတဲ့လုပ်ငန်းခွင်မှာတောင် မိန်းကလေးတွေ စိတ်ချမ်းသာစွာဖြင့် ပြုံးပျော်နေပါလိမ့်မည်။

Read More

(2nd Round) Winner – PK

Feminist Literature Competition

(2nd Round) Winner – PK

” ကျွန်မ နဲ့ ကျွန်မအိမ် ” မောင်တစ်ထမ်း မယ်တစ်ရွက်ရယ်လို့ ဆိုခဲ့တဲ့ ရှေးအဆို။ မီးဖိုချောင် ထမင်းဟင်းချက်တာ မယ်တို့တာဝန်။ မှီခိုတဲ့စာရင်း ထဲ့မှာတော့ မယ်တို့ပါဝင်။ နွားမတောင် အလှည့်ကျရင် ရုန်းကန်ရတာမို့။ မောင် နဲ့ မယ် အလုပ်လုပ်မှ တော်ရုံတန်ပေ။ အဝတ်လျှော် မီးပူတိုက်တာ နေ့စဉ်တာဝန်။ ရုံးချိန်မှီ ထမင်းဟင်း ချက်ကာ မယ်ကပြင်ဆင်။ အားကိုးရ ယောကျာ်းကောင်းက အိပ်ပျော်နေစဉ်။ ကျောင်းပို့ကာ အလုပ်မသွားခင် မိခင်တာဝန်။ ပညာတတ်မောင့် အတွက်တော့ ရုံးလုပ်ငန်းတွင်။ ကျောင်းမတတ် မယ်အတွက်တော့ အထည်ချုပ်ခွင်။ အိမ်ရောက်နားရမယ် မထင်နှင့် ကလေးခါးထစ်ခွင်။ ယောကျာ်းကောင်း မောင်းမတစ်ထောင်မို့ ဖောက်ပြန်နေချင်။ မိန်းမကောင်း ပန်းတစ်ပွင့်သာ ပန်ဆင်ရစဉ်။ အသဲစွဲ အရိုးကွဲအောင် ရိုက်ခံနေစဉ်။ ကုသိုလ်ကံ မကောင်းခဲ့တာမို့ မိန်းမဘဝတွင်။ မမြင်ရ အရင်ဘဝနဲ့ နှိမ်ခံနေစဉ်။ လူဖြစ်စဉ် တစ်ခဏအတွင်းမှာ အရာမဝင်။ တစ်နေ့တာ အိမ်အလုပ်က ပင်ပန်းလှစဉ်။ ဖောက်ပြန်တဲ့ အိမ်ဦးနတ်အတွက် ခူးခပ်ပြင်ဆင်။ ကျမ နဲ့ ကျမအိမ်မို့လို့ တည့်မြဲဖို့တာဝန်။ မယ့်တာဝန် … မယ့်တာဝန်။ ပီကေ (PK)

Read More

Winner – မှုံပဒုံ (Feminist)

Feminist Literature Competition (Round 2)

Winner – မှုံပဒုံ (Feminist)

“အိမ်”ဆိုတဲ့စကားလုံးကိုတွေ့လိုက်ရင် ကျမအရင်ဆုံးကြားယောင်မိတာက “နှလုံးသားတွေနွေးထွေးရင် ဒါဟာလည်းအိမ်” ဆိုတဲ့သီချင်းစာသားလေးပါပဲ။ အဲ့လို သိပ်စိတ်ကူးယဉ်ဆန်တတ်တဲ့ ကျမအတွက် နှလုံးသားလေးကို နွေးထွေးစေတဲ့အိမ်လေးကတော့ လူတစ်ယောက်ဖြစ်ပါတယ်။ တစ်ကောင်ကြွက် တစ်မျက်နှာ ဖြစ်တဲ့ ကျမက အိမ်ဆိုတဲ့အရာ ကို သေချာ မခံစား မတွေ့ကြုံ့ဖူးတော့ ကျမ သိပ်ချစ်ရတဲ့သူနဲ့ကဆုံလာရတဲ့အခါ သူက ကျမရဲ့ အိမ်လေးဖြစ်လာပါတော့တယ်။ ချစ်ရတဲ့သူနဲ့ အိမ်ထောင်ပြုပြီးတဲ့နောက်မှာ ပုံပြင်တွေထဲ့ကလို ဇာတ်သိမ်းလှလှလေးဖြစ်သွားပြီလို့ ထင်ခဲ့မိပါတယ်။ ကျမချစ်ရသော ကျမကိုချစ်သော လူတစ်ယောက်ကိုပဲ ကျမရဲ့နားခိုရာအိမ် အပန်းပြေမဲ့အိမ် လို့ပဲမှတ်ပြီး နေလာခဲ့တယ်။အပြင်လောကမှာလို ဟန်ဆောင် မျက်နှာဖုံးတပ်စရာမလို ကျမကိုယ်ကျမအရှိအတိုင်း ခံစားချက်အတိုင်းနေလို့ရမဲ့နေရာအဖြစ်မှတ်ယူပြီး ကျမပျော် ခဲ့တယ်။နွေးထွေးတဲ့ကျမအိမ်လေးကို အမြတ်တနိုးတန်ဖိုးထားပြီး ပျော်နေခဲ့ပါတယ်။ အိမ်လေး ပျော်အောင်လည်း ကျမကကြိုးစားပြုပြင်ခဲ့တယ်။ အဲ့ဒီလိုနဲ့ နေလာရင်း ကျမအိမ်လေးက ပြောင်းလဲ လာပါ တော့ တယ်။ ကျမကို ကျမပုံစံကနေသွေဖည်ပြီး တခြားပုံစံသွင်းလာတယ်။ အချိန်တစ်ခုကကြာလာတော့ ကျမဟာ ကိုယ့်ကိုကိုယ် ကျမလို့မခံစားရတော့ဘဲ ကျမချစ်ရတဲ့လူအကြိုက် လိုက်နေနေရတာကို ခံစားမိလာတယ်။ အသေးဖွဲ့လေးတွေကအစ ကိုယ်ပိုင်ရွေးချယ်ခွင့်မရှိရတော့ဘူး။ ချုပ်ချယ်မှု့တွေကြောင့်ကျဉ်းကျပ်လာခဲ့တယ်။ ချစ်လို့ဆိုတဲ့စကားနဲ့ ကျမရဲ့ ဘဝနဲ့ဆိုင်တဲ့ရွေးချယ်မှု့တွေကိုပါ စွက်ဖက်ခံလာရတော့တယ်။ တဖြည်းဖြည်းနဲ့ နှလုံးသားမှာနွေးထွေးမှုမရှိတော့ဘူး။ အိမ်လို့မခံစားရတော့ဘဲ ကျမလှောင်အိမ်ထဲရောက်နေသလို ခံစားလာရခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာ ကျမကိုယ်ကျမ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရအောင် ပြောခဲ့ပေမဲ့အပိုအလုပ်တွေ ဆိုပြီး ကျမဆန္ဒကို ဘေးချိတ်ခံခဲ့ရပါတော့တယ်။ ကျမရဲ့ အိမ်လေးလို မှတ်ခဲ့တဲ့သူက အိမ်နဲ့မတူဘဲ အရမ်းဝေးကွာနေတယ်လို့ တဖြည်းဖြည်း သိလာခဲ့ရတယ်။ ဒါပေမဲ့ ဘေးစကားတွေက ကျမကပဲ သည်းခံသင့်တယ်၊ ကျမကပဲ ဒီအိမ် ထောင်မှုကိုထိန်းသိမ်းရမှာပေါ့ အဲ့လိုမျိုးတွေ ကြားရဖန်များလာတော့ ကျမ နားယောင်ခဲ့မိတယ်။ တစ်ဖက်မှာလည်း ကျမဟာ အဲ့လိုဖိနှိပ်ခံရတာကို အသားကျလာသလို ဖြစ်လာတယ်။ ကိုယ့်ရွေးချယ်မှု့နဲ့ကိုယ်ခံရတာ တန်တယ် ကြိတ်ခံသင့်တယ်ဆိုတဲ့အတွေးတွေပါဝင်လာပါတော့တယ်။ကိုယ့်အစွမ်းအစကိုလုံးထုတ်သုံးလို့မရအောင်အနှိပ်ခံရပြီး တဖြည်းဖြည်းသိမ်ငယ်လာတဲ့ အဖြစ်ကို ကျမနေသားကျလက်ခံမိသွားတယ်။ ကျမတန်ဖိုးထားရတဲ့ နှလုံးသားအိမ်လေး ပျက်ဆီးသွားမှာ ကြောက်တဲ့ စိတ်တွေကပါကြီးစိုးနေခဲ့တယ်။ အဲ့လိုနဲ့ကျမဟာ ကိုယ့်ကိုကိုယ်ပျောက်ကွယ်မှန်းမသိ ပျောက်ကွယ် လာပါ တော့ တယ်။ နောက်ပိုင်းမှာတော့ ကိုယ့်ထိလက်ရောက်နှိပ်စက်ခံရမှုတွေကြောင့် ကိုယ်ရောစိတ်ပါ ပင်ပန်း လာပါတယ်။ ကျမရဲ့အိမ်လေးက ကျမစိတ်ကူးခဲ့တဲ့အိမ်လေးနဲ့မတူတော့ဘဲ ပူလောင်မှုတွေများလာပါတော့တယ်။ ကျမ သိလိုက်ရတာက ကျမအိမ်လေးဆီမှာ နေနေတာမဟုတ်ဘဲ ငရဲ ကျနေတာပါ။ အဲ့ဒီလိုနဲ့ကျမ စိတ်တွေ လွန်ဆွဲလာခဲ့ပြီး နောက်မှာတော့ သူ့စကားလုံးကြမ်းကြမ်းတွေ ကျမကိုစိတ်အားငယ်အောင် တမင် ပြောဆိုတာတတွကို ကျမနားထောင်စနေစရာ မလိုဘူး ကျမခန္ဓာကိုယ်ကို သူနှိပ်စက်တိုင်း ခံနေစရာ မလိုတော့ဘူး လို့ ဆုံးဖြတ်ချက် ချလိုက်တော့တယ်။ ဒီငရဲခန်းကနေ လွတ်မြောက်ဖို့ဆိုရင် ကျမ လုပ်နိုင်တာကတော့ တစ်ခုပဲ ရှိပါတယ်။ ဒီကနေထွက်သွားဖို့ ပါပဲ။ ကွာရှင်းပြတ်စဲပြီးတဲ့ နောက်ဆုံးမှာတော့ ကျမ နှလုံးသားလေး မနွေးထွေး မပျော်ရွှင် နိုင်တော့တဲ့ အိမ်ကနေ ကျမ ထွက်လာနိုင်ခဲ့ပါပြီ။ ကျမ လွတ်လပ်ပေါ့ပါး သွားပါပြီ။ ကိုယ်ပိုင်ဆုံးဖြတ်ချက် ကိုယ်ပိုင်ဘဝ နဲ့ ကျမကိုယ်တိုင် လျှောက်လှမ်းဖို့သင့်ဖြစ်နေပါပြီ။ မိန်းမဆိုတာ အမြဲတမ်း အားငယ်တယ်၊ မိန်းမဆိုတာ မှီခိုအားကိုးရာ ရှာရမယ်ဆိုတဲ့ စကားတွေကို သွေဖည် ပြီး အားမငယ်ဘဲ အားကိုးရာမရှာတော့ဘဲ ကျမကိုယ်ကျမ ရပ်တည်နိုင်တည်ဆိုတာကို ပြနိုင်ပါပြီ။ ။ နှလုံးသားလေးနွေးထွေးဖို့အိမ်ကို တခြားအရာ တခြားသူဆီမှာ မရှာတော့ဘဲကိုယ့်ကိုယ်တိုင်မှာရှာဖို့ ဖြစ်နိုင်တယ်မဟုတ်လား။ ဟုတ်ကဲ့ ကျမအတွေက် ကျမရဲ့အိမ်က ကျမကိုယ်တိုင် ပါပဲရှင်။ မှုံပဒုံ (Feminist)

Read More
Me and My Home

Winner – Giselle Mae

Me and My Home

Feminist Literature Competition (Round 2)

Winner – Giselle Mae

အိမ်ဆိုတာ သက်မဲ့အဆောက်အအုံတစ်ခုသက်သက် မဟုတ်ပါဘူး။ ကျွန်မကို လုံခြုံစေ နွေးထွေးစေတဲ့လူပုဂ္ဂုလ်တွေ အရာဝတ္ထုတွေရှိတဲ့နေရာဟာ ကျွန်မအိမ်ပဲ။ ကျွန်မ မိသားစုဟာ ကျွန်မအိမ်၊ ကျွန်မနှစ်သက်မြတ်နိုးတဲ့ အလုပ်ဟာ ကျွန်မအိမ်၊ ကျွန်မ ချစ်ရသူ ရင်ခွင်ဟာ ကျွန်မအိမ်။သူတိုအ ကုန်ကျွန်မအပေါ်ကောင်းကြပါတယ်။ ချစ်ခင်ပေးကြတယ်၊ ဂရုစိုက်ပေးကြတယ်၊ပံ့ပိုးပေးကြတယ်၊ နားလည်ပေးကြတယ်။ များသောအားဖြင့်ပေါ့ ××× “ဟဲ့ ညည်းတိုအိမ်ကလည်း ရှုပ်ပွ နေတာပဲ ။ အမေ့ကို ကူလုပ်ပေးအုံးလေ.. ညည်းတိုသားအမိ နှစ် ယောက်နဲ့တော့ခက်တော့တာပဲ ” အဘွားက အိမ်လာလည်ရင်အဲ့လိုအမြဲဆူ တတ်တယ်။ “ဟုတ်. သမီးက စာတွေ များလို ကူမလုပ်ပေးဖြစ်တာ.. အမေကလည်း အလုပ်က နောက်ကျမှပြီးတာ..” “ငါတိုတုန်းလည်ဒီလိုပဲလုပ်ရတာပဲ ။ မိန်းကလေးဆိုတာ အိမ်မှုကိစ္စနိုင်နင်းရတယ်။” “အိမ်မှာ မောင်လေးတို အဖေ တို့လဲရှိတာပဲ” “သူတိုက ယောကျာ်းလေးတွေလေ .. ဘယ်လုပ်တတ်ပါ့မလဲ . ဒါငါတို့မိန်းကလေးတွေတာဝန်” အိမ်မှာ ဘာလို့အမေနဲ့ကျွန်မပဲ တာဝန်ရှိသူဖြစ်ရတာလဲဆိုတာ ကျွန်မကောင်းကောင်းနားမလည်။ ဒါပေမဲ့လည်း.. ဘယ်တတ်နိုင်မလဲ .. ကျွန်မတို့က မိန်းကလေးတွေပဲ ။ ××× “ အမေ မန္တလေးကို ရာထူးတိုးပြောင်းရမယ်ဆို?” “အေး.. ဒါပေမဲ့ မဖြစ်ပါဘူး သမီးရယ်..” “ဟယ်ဘာလိုလဲ့ .. အမေ ရာထူးတိုးသွားမဲ့ဟာ” “အိမ်မှာ အမေ မရှိလို့မှမဖြစ်ဘဲ … သမီးတစ်ယောက်တည်းနိုင်မှာ မဟုတ်ဘူး” အင်းနော်.. အမေက အိမ်မှာ မရှိလို့မှမဖြစ်ဘဲ။ အမေက မိခင်ကောင်း.. ဇနီးကောင်း.. မိသားစုကို မပြိုကွဲအောင်စောင့်ရှောက်ရမယ်… “အမေ မနေ့က ပြောတဲ့အလုပ်မလျှောက်ဖြစ်ဘူးလား?” “အေးကွယ်.. အမေ့မှာ အဲ့ရာထူးအတွက် အတွေ့အကြုံလဲမရှိ .. သူများတွေလို certificateဘာညာတွေလဲ ကောင်းကောင်းရှိတာမဟုတ်ဘူး..” ဟုတ်သားနော် .. အမေကသူ့တက်လမ်းတွေ အတွက်ပေး စရာအချိန်မှ မရှိခဲ့ဘဲ.. ××× “လမ်းထိပ်မှာ စာအုပ်သွားငှားမလို့ အမေ ” “ဟဲ့ ဟဲ့ နေ အုံးလေ။ မသွားရပါဘူး မိန်းကလေးတန်မဲ့ တစ်ယောက်တည်း ရပ်ကွက်ထဲမှာက လူပေါင်းစုံနဲ့ ။နောက်မှ မောင်လေးကိုခေါ် ပြီးသွား” “သမီးစာမေးပွဲ ပြီးရင်သူငယ်ချင်းတွေနဲ့ ခရီးသွားချင်လို့” “လူကြီးတွေလဲမပါဘဲနဲ့ သမီးမိန်းကလေးကို အဲ့လိုမလွှတ်နိုင်ပါဘူး .. မိန်းကလေးတန်မဲ့” “အဖေ.. သမီးမနေ့ကပြောတဲ့ Volunteer အစီအစဉ်သွားလုပ်လို့ရမလား” “အဆင်မပြေပါဘူး..သမီးတို့သွားလုပ်မဲ့ နေရာက လူပေါင်းစုံနဲ့… စိတ်မချရဘူး” “အဖေကလည်း.. မောင်လေးတာင် နေရာစုံလျှောက်သွားဖူးနေပြီကို” “ညည်းက မိန်းကလေးလေ.. မတူဘူး။ ယောကျာ်းလေးနဲ့ မိန်းကလေး” “သမီးဆယ်တန်းပြီးရင် mechanical engineering တက်ကြည့်ချင်တယ်” “ဟယ်.. မိန်းကလေးနဲ့စက်ပစ္စည်းတွေနဲ့ မလိုက်ပါဘူးအေ.. ဆေးကျောင်းတက်ပါလား” “မောင်.. မေ မြဝတီဘက်မှာ Project Manager အဖြစ် ရာထူးတိုးပြီးသွားလုပ်ရမယ်” “အဝေးကြီး မေရယ်. မိန်းကလေး တန်မဲ့ စိတ်မချဘူး။ လစာမတိုးလည်းနေပါစေ .. ကိုရှာကျွေးပါ့မယ်” ဟုတ်သားပဲ. ငါကမိန်းကလေး ယောကျာ်းလေးနဲ့ မိန်းကလေးမှ မတူတာ။ သူတို့က ငါ့ကိုချစ်လို့ ပြောကြတာနေမှာပါလေ။ ××× “ဆရာ.. မေ ဆရာတို့ မန္တလေးရုံးခွဲသစ်အတွက် Regional Manager position လျှောက်ချင်လို့ပါ” “သြော် .. ဟုတ်ပြီ.. သမီး .. ဆရာ သမီး CV ယူထားလိုက်မယ်” ဒါပေမဲ့ ကျွန်မနဲ့အတူတူ အလုပ်ဝင်လာတဲ့ ကျွန်မသူငယ်ချင်း သီဟကပဲ မန္တလေးကိုရောက်သွားတယ်။ “အခုမှ အကုန်အစအဆုံးစရမှာဆိုတော့ ယောကျော်းလေးနဲ့ ပိုအဆင်ပြေတယ်ထင်လို့ဆိုလားပဲ.. stress များမှာတွေရော လုပ်ရကိုင်ရ ပင်ပန်းမှာဆိုတော့” “သြော်.. အင်းနော် .. ဟုတ်သားပဲ .. ငါက မိန်းကလေးဆိုတော့..” အဖေတို့ အမေတို့ အဘွားတို့ပြောခဲ့သလိုပေါ့။ “ယောကျာ်းနဲ့ မိန်းကလေးတူမလား” “ယောကျာ်းလေးတွေကပို ပိုက်ဆံရှာရလွယ်တယ်လေ” ××× ကျွန်မမှာ အိမ်လေးတွေရှိတယ်။ သူတို့ကျွန်မကိုချစ်ကြတယ်၊ ဂရုစိုက်ကြတယ်။ ဒါပေမဲ့ အဲ့ဒီချစ်ခြင်းမေတ္တာဆိုတဲ့ခေါင်းစဉ်အောက်မှာပဲ”မိန်းကလေးဆိုတော့စိတ်မချလို့” အကြောင်းပြချက်တွေနဲ့ ကျွန်မတို့ ပိတ်လှောင်ခံခဲ့ရဖူးတယ် ။ “မိန်းကလေးဆိုတာ..” လိုအစပြုတတ်တဲ့စည်းကမ်းချက်တွေနဲ့ ချည်နှောင်ခံခဲ့ရဖူးတယ်.ချုပ်ချယ်မှုတွေကိုကောင်းချီးမင်္ဂလာတစ်ခုလိုကျေကျေနပ်နပ်ခံယူတတ်လာကြတယ်။ အခုခေတ်မှာအရင်ခေတ်ကလိုမိန်းကလေးတွေကိုအိမ်ထဲမှာပိတ်မထားကြတော့ပါဘူးတန်းတူအခွင့်ရေးပေးပါတယ်လို့ပြောကြမှာပေါ့လေ။ ဟုတ်ပါတယ်.. ကျွန်မတို့ အစအဆုံးမရှိတဲ့ အခွင့်ရေးတွေကို စိတ်ကူးယဉ်ခွင့်ပေးထားပါတယ်။ စိမ်းစိုနေတဲ့ မြက်ခင်းပြင်တွေ… ပြာလဲ့နေတဲ့ ကောင်းကင်ပြာတွေ။ ဒါပေမဲ့ ကျွန်မတို့ရောက်နေတာဟာ ဖန်လုံအိမ်လေးတွေထဲ့မှာ။ ကျွန်မချစ်တဲ့မိသားစု၊ ကျွန်မမြတ်နိုးတဲ့အလုပ်ခွင်၊ ကျွန်မ ချစ်သူရဲ့နွေးထွေးတဲ့ ရင်ခွင်။ ဒါတွေဟာတကယ်တမ်းမှာ မရည်ရွယ်ပါဘဲနဲ့လည်း ဖန်လုံအိမ်လေးတွေဖြစ်နေတတ်တယ်။ တကယ်တမ်း ကျွန်မတို့ ထွက်ပြေးဖို့ ပျံတက်ဖို့ အားယူလိုက်တဲ့ အချိန်မှာရော ကျွန်မတို့မှာ အနှောင်အဖွဲ့ကင်းရဲ့လား? အတားအဆီးကင်းရဲ့လား? ဖန်လုံအိမ်တွေအပြင်ဖက်မှာ ကျွန်မတို့အတွက်အန္တာရာယ်တွေများတာ ကျွန်မလက်ခံနိုင်ပါတယ်။ ဒီလိုပတ်ဝန်းကျင်ကပဲ ဖန်လုံအိမ်တွေ ဖြစ်လာအောင်တစ်ဖက်တစ်လမ်းက တွန်အားပေးခဲ့ကြတာပဲ။ ဒါပေမဲ့ အသေးအဖွဲ့ကိစ္စလေးတွေက စလို့ ခေတ်အဆက်ဆက်ကျွန်မတို့တွေဟာ ဖန်နံရံတွေ ပြိုမကျအောင် ၊ မကွဲအက်အောင်ထပ်ထပ်ပြီး အားဖြည့်ခဲ့ကြတယ်။ ကျွန်မတို့ကို စွန့်စားခွင့်တွေ၊ အမှားလုပ်ခွင့်တွေ မပေးရင် ကျွန်တို့ဘယ်တော့မှာ အနှောင်အဖွဲ့ကင်းကင်း ရပ်တည်နိုင်တော့မှာပါလဲ?ကျွန်မတို့မှာ ခေါင်းဆောင်ဖို့အခွင့်ရေးတွေ ဘယ်တော့မှ ရပါတော့မလဲ? ကျွန်မတို့အချင်းချင်း “မိန်းကလေးတန်မဲ့”ဆိုတဲ့” စကားတွေနဲ့ မျက်စောင်းထိုးကြ အတင်းပြောကြအုံးမှာလား? ကျွန်မတို့မျိုးဆက်သစ်ကလေးတွေအတွက်ဖန်လုံအိမ်တွေထပ်ဆောက်ဦးမလို့လား? အဲ့ဒီ အစား.. ကျွန်မတို့အားလုံး အတောင်ညောင်းတဲ့အထိ လွပ်လွပ်လတ်လတ် ပျံသန်းခွင့်ရမယ့် အသိုက်အမြုံလေးတွေ ဆောက်ကြမယ်ဆိုရင်ရော? ဆူးပေါ်ဖက်ကျဖက်ပေါက် ဆိုတဲ့ စကားလုံးကြီးနဲ့မဖိနှိပ်ထားဘဲ ကျွန်မတို့ရဲ့နုနယ်တဲ့ ဖက်ကလေးတွေ ပေါက်ပြဲသွားရင်တောင် ဖာထေးခွင့်ရမဲ့နေရာမျိုး… ကြက်ဖ တွန်တွန်၊ ကြက်မ တွန်တွန် မိုးကတော့ သူအလိုလို လင်းမှာပဲ ဆိုတဲ့အမှန်တရားကို လက်ခံမယ့်နေရာမျိုးပေါ့။

Read More

Winner – Seng Mai

Feminist Literature Competition (Round 1)
Winner – Seng Mai

နေရောင်ခြည်က မှန်ပြတင်းတံခါးကို ဖောက်ပြီး မျက်နှာကို တိုး၀င်လာတဲ့အတွက် မျက်လုံးပိတ်ကာ နိုးထလာမိတယ်။ မှန်တင်ခုံလေးရှေ့ထိုင်နေစဥ် အတွေးထဲရိပ်ကနဲ၀င်လာတာက “အင်း… ဒီနေ့ဆို သူတို့အားလုံးနဲ့ လမ်းခွဲခဲ့တာ သုံးနှစ် တင်းတင်းပြည့်ပြီပဲ”။

ဒါပေမယ့် သူ့မျက်နှာမှာ နောင်တရပြီး ၀မ်းနည်းမှုအသွင်မပေါ်ဘူး။
သူ့ရွေးချယ်မှုက မှန်တယ်၊ သူ့ဆုံးဖြတ်ချက်ကမှန်တယ်ဆိုတဲ့ ခံယူချက်ကြောင့် မိသားစုနဲ့ ချစ်သူကို ထားခဲ့ပြီး ဘ၀ကို တစ်ယောက်တည်းဖြတ်သန်းလာသူဟာ နုနု၀င်းပါ။

အခုတော့ နုနု၀င်းဟာ တောင်ပေါ်မြို့တစ်နေရာမှာ တစ်ရွာလုံးကလေးစားရသူတဲ့ ဆရာမတစ်ယောက်ပေါ့။ နုနုတစ်ယောက် သူ့ကိုယ်သူ မှန်ထဲတွင် ကြည့်ရင်း အတိတ်အကြောင်းလေးကို ပြန်စဥ်းစားနေတော့တယ်….

“သမီးရေ… မောင်သူရလာတယ်ဟေ့”

အခန်းထဲက ထွက်လာတဲ့ နုနု၀င်းတစ်ယောက် အသားဖြူဖြူ မျက်နှာသွယ်သွယ်ပေါ် နှာတံချွန်ချွန် မျက်ခုံးကောင်းကောင်းနဲ့ ပန်းနုရောင်နှုတ်ခမ်းလေးဟာ မြင်သူတွေ နှစ်ခါပြန်ကြည့်ရတဲ့ အလှမျိုးပိုင်ဆိုင်ထားသူပါ။ မြစ်ကြီးနားတက္ကသိုလ်က ကျောင်းသားတွေကြားမှာ နာမည်ကြီးနေတာကတော့ မဆန်းပါဘူး။ သူ့ကို မှတ်မိစေတာက ဒူးနားထိရှည်တဲ့ ဆံပင်ရှည်ကြီးပဲ။

မောင်သူရ စောင့်နေရတဲ့အပေါ် စိတ်မရှည်တဲ့ လေသံနဲ့ “စောင့်လိုက်ရတာ နုနုရေ၊ နင်ကျောင်းသွားရင် အလှမပြင်ပါနဲ့ဆို၊ နင့်ကိုငါပဲပိုင်ရမှာ သူများကြည့်တာတောင် မကြိုက်ဘူး” ဆိုကာ ကားပေါ်က စောင့်နေလိုက်တော့တယ်။

မောင်သူရ စိတ်ဆိုးတာကို သမီးထက်ကြောက်နေသူမှာ ဒေါ်စိန်ကြည်တစ်ယောက်ပဲ။ “သမီးကလည်း မောင်သူရ မကြိုက်ရင် အလှမပြင်ပါနဲ့ဆို ပြောတာမရဘူး။ ကြည့်… စိတ်ဆိုးသွားပြီ။”
မောင်သူရ ကတော့ သချာနဲ့ ကျောင်းပြီးကာ အလုပ်မလုပ်သေးပဲ ချစ်သူ အီးမေဂျာပထမနှစ်ကျောင်းသူ နုနု၀င်း ကို ကျောင်းလိုက်ပို့ခြင်းသာဖြစ်တယ်။

သူငယ်ချင်းတွေနဲ့ ကန်တင်းထိုင်တာလည်း မကြိုက်၊ လည်တာလည်းမကြိုက်၊ အချိန်ပြည့် ဘေးနားမှာ နေပြီး မျက်စိဒေါက်ထောက်ကြည့်နေသူပေါ့။
ကျောင်းက သူငယ်ချင်းတွေက “နုနုရေ နင်အရမ်းကံကောင်းတာပဲနော်၊ ငါလဲ အဲလိုရည်းစားလိုချင်လိုက်တာ”တဲ့။ “မထင်လိုက်ပါနဲ့ အေးရေ… ငါရူးချင်နေပြီ၊ အိမ်မှာက အစ လိုက်ပြီး ကပ်သပ်နေပြီ”။
ကောင်းသားပဲ။ နင့်အမေတွေလဲ သဘောတူပြီးသားဆိုတော့။
ဒီလိုနဲ့ မိခင်နဲ့ ချစ်သူအလိုကျ အသက်ရှင်နေခဲ့ရတဲ့ နုနု၀င်းတစ်ယောက် အတော် စိတ်ကုန်စပြုနေပြီ။

ပိုဆိုးတာက ကျောင်းပြီးခါနီးလေလေ မောင်သူရ သူ့အပေါ်ဆက်ဆံပုံက အရင်ကထက် ပိုတင်းကြပ်လာတယ်။

“နင့်ကို သူငယ်ချင်းတွေနဲ့ အပြင်မသွားရဘူးလို့ ပြောထားတယ်လေ”
“ကိုကလဲ… နု သူငယ်ချင်းတွေနဲ့ ခေါင်းသွားလျှော်တာပါ၊ ပြီးတော့ အစီအစဥ်မရှိပဲ ဗိုက်ဆာတာနဲ့ တစ်ခုခုသွားစားဖြစ်သွားတာပါ”
“နင်ဘာမှ အပိုတွေမပြောနဲ့ အခုငါနဲ့လိုက်ခဲ့။”
“ကို… သူငယ်ချင်းတွေကိုလည်း အားနာပါဦး။”

အေး အပါအ၀င် သူငယ်ချင်းအာလုံး ပါးစပ်အဟောင်းသားနဲ့ စားလက်စ ပြင်မစားနိုင်ကြတော့ဘူး။

“ဘယ်သူ့ကို အားနာရမလဲ၊ နင့်ကိုငါပြောသားပဲဆိုပြီး လက်၀ါးကို မြှောက်လိုက်တယ်။”

နုနု၀င်း ဆံပင်များ လေထဲပင် ဝှေ့သွားတယ်… ချက်ချင်းပင် လက်ကိုဆွဲကာ ကားပေါ်ဆွဲခေါ်သွားတော့တယ်။ နုနု၀င်း ရင်ဘက်တစ်ခုလုံး မြင့်ချီနိမ့်ချီနဲ့ မျက်နှာတစ်ခုလုံး နီရဲနေပြီ။ နှစ်ဦးသား ကားပေါ် စကားတစ်ခွန်းမှ မပြောပဲ တိတ်ဆိတ်စွာထွက်လာကြတော့တယ်။
အိမ်ရောက်တော့လည်း ခြံရှေ့ကားဟွန်းကို အဆက်မပြတ်တီးနေတော့တယ်။ ဒေါ်စိန်ကြည်တစ်ယောက် ကမန်းကတန်း ပြေးထွက်လာကာ…“ဘာဖြစ်ကြပြန်တာလဲ မောင်သူရရေ…”

“အမေ့သမီး သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်နေတာလေ” ဆိုကာ ကားကို ၀ူးကနဲ ထွက်သွားပါတော့တယ်။ “နုနု၀င်း နင်ကလဲ နင်ပဲ။ မကြိုက်ဘူးလို့ပြောထားရင်း မသွားနဲ့ပေါ့။ မဖြစ်ဘူး… ညည်းတို့ နှစ်ယောက်အမြန်ဆုံးစီစဥ်မှပဲ။”

“သူ့ကို အရမ်းစိတ်ညစ်လာပြီ၊ လက်ထပ်ဖို့ကိစ္စကို စဥ်းစားပါရစေဦး မေမေ။”

“ပါးစပ်ပိတ်စမ်း၊ အခုစာမေးပွဲနီးပြီ ပြီးတာနဲ့ အမြန်ဆုံးစေ့စပ်ပြီး လက်ထပ်ကြတော့။ အခုကစပြီး အပြင်မထွက်ရဘူး သမီး ဒါပဲ။”
အဲဒီည စကားများကြတာ တော်ရုံနဲ့မပြီးဘူး။

နောက်နေ့မနက် သူရ တစ်ယောက် ရောက်လာကာ လက်ထဲကစာရွက်လေး လှမ်းပေးတယ်။ အဲတာက နုနုတစ်ယောက် လိုက်နာရမယ့် တစ်ပတ်စာအချိန်ဇယားပဲ။

“ကို… နု လက်မခံနိုင်ဘူး။”

ကိုသူရ ဂရုမစိုက်ဟန်နဲ့ ကားမောင်းထွက်သွားတော့တယ်။ ဒေါ်ကြည်စိန်က နုနုလက်ထဲမှ စာရွက်ကို ဇွတ်ကနဲ့ ယူဖတ်ပြီး “ကောင်းသားပဲ”
ဒေါ်ကြည်စိန်စိတ်ဆိုးလျှင် မိနု လို့ခေါ်လေ့ရှိတဲ့အတိုင်း “ညည်းကို ငါပါ စောင့်ကြည့်နေမယ် မိနု”

နောက်ဆုံးနှစ် စာမေးပွဲပင် ရောက်ရှိခဲ့ပြီ။

ဆိုင်ကယ်ဟွန်းသံကြောင့် နုနု အိမ်ရှေ့ပြေးထွက်လာတော့ သူရ ကိုတွေ့တယ်။
“သွားမယ်… ကျောင်းလိုက်ပို့မလို့လေ… စာမေးပွဲဖြေရမှာ မဟုတ်လား။လာ သွားမယ်။”

“ဘယ်လိုလုပ်ပြီး ဆိုင်ကယ်နဲ့ ထွက်လာတာလဲ ကို။”
“အိမ်က အဖိုးကြီးနဲ့ စိတ်ဆိုးပြီးထွက်လာတာ။ ဘာမှရှည်မနေနဲ့ တက် ဆိုင်ကယ်ပေါ်”
နုနု မျက်စိတစ်ချက်ဝှေ့အကြည့် အနောက်မှာ လူ၂ယောက်လိုက်လာတာကို တွေ့မိတယ်။
ကို… သူတို့နဲ့ စကားမပြောချင်လို့ နေမှာပါ။
“ခဏ ဆိုင်ကယ်ဦးထုပ်ယူဦးမယ်…”
နောက်ပြန်လှည့်မိအချိန် ဆိုင်ကယ်ပေါ် နုနုခန္ဓာကိုယ်ကို ဆွဲတင်လိုက်ကာ ထွက်သွားပါတော့တယ်။

အဲဒီနေ့က ကံကောင်းတာလား၊ ကံဆိုးတာလား ဝေခွဲမရတော့ပါ။
မြို့လယ်နာရီစင်အကျော် ယာဥ်ထိန်းရဲ ၀ီစီမှုတ်ကာ တားတော့တယ်… ကိုသူရ လီဘာကို ပိုတင်ပြီး မောင်းပြေးဖို့ကြိုးစားတယ်။
ယာဥ်ထိန်းရဲတွေက သုံး၊ လေးနေရာ ခွဲပြီး ၀ိုင်းဖမ်းတော့ မလွတ်တော့ပါ။

နုနု၀င်း နာရီကြည့်မိတော့ ကိုးနာရီထိုးတော့မယ်။
“ကို…. နု နောက်ကျတော့မယ်…. တစ်ယောက်ယောက်ကို အကူအညီတောင်းကြည့်ပါလား။”

“စိတ်မပူနဲ့ ဘယ်သူ့ကိုမှ အားကိုးစရာမလိုဘူး” အခုအချိန်ထိခေါင်းမာနေပြီး ယာဥ်ထိန်းရဲတွေနဲံ စကားအချေအတင်ပြောနေကြတယ်။ ကိုသူရ ပိုက်ဆံထုတ်ပေးတော့လည်း ယာဥ်ထိန်းရဲက မယူပဲ တရားရုံးမှာ သွားထုတ်ရန်သာ ပြောနေတော့တယ်။
“ငိုချင်လာပြီ ကို… ဘယ်လိုလုပ်ကြမလဲ။ ဒီနေ့ စာမေးပွဲနောက်ဆုံးရက်လေ… ထိုအချိန် အစောတုန်းက တွေ့ခဲ့တဲ့ လူနှစ်ယောက်ရောက်လာကြပြီ။”

ကိုသူရက အဲဒီ ၂ ယောက်ကို “ဘာလို့ လိုက်လုပ်တာလဲ၊ သွား… နင်တို့ အကူအညီမလိုဘူး”

“အကိုလေး… မမလေး စာမေးပွဲဖြေရမယ်လေ” ဆိုပြီး ယဥ်ကျေးစွာပြန်ပြောကြတယ်။

တအောင့်ကြာ ယာဥ်ထိန်းရဲနဲ့ စကားပြောပြီး ဆိုင်ကယ်သော့ ပြန်လာပေးတယ်။

နုနုက ဟိုလူနှစ်ယောက် ကျေးဇူးတင်ကြောင်း ပြောနေစဥ် ယာဥ်ထိန်းရဲများက “အစ်ကို ဆောရီးပါ ကျွန်တော်တို့ မသိလို့ပါ။ စောစောက ပြောလိုက်ရင်ရတာပေါ့၊ တောင်းပန်ပါတယ်။”
ကိုသူရ လက်ကိုသာထောင်ပြပြး ကျောင်းဆီ ဆိုင်ကယ်မောင်းထွက်ခဲ့တယ်။

အခန်းစောင့်ဆရာမက “နုနု ဘယ်လိုဖြစ်တာလဲ၊ မိနစ် ၂၀ တောင်နောက်ကျနေပြီ၊ လာလာ ရသလောက် ၀င်ဖြေလိုက်။” ဖတ်လာတဲ့ စာတွေ ဆိုင်ကယ် အရှိန်ပြင်းလို့လား၊ ယာဥ်ထိန်းရဲနဲ့ ပြဿနာတက်လို့လား၊ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တယ်။ နှလုံးခုန်တာတွေ ရပ်အောင် စိတ်ကို ငြိမ်အောင် ကြိုးစားထားပြီး ရတဲ့မေးခွန်းတွေပဲ ဖြေလိုက်တယ်။

စာမေးပွဲအပြီး ၂ ပတ်လောက်အကြာမှာ ဇာတ်လမ်းကစပြီ။
အိမ်ကို ယာဥ်တန်းကြီးထိုးရပ်လာတယ်၊ မော်တော်ပီကယ် ယာဥ်ထိန်းရဲတွေလည်း အလုပ်ရှုပ်ကုန်ပြီ။ အမေကတော့ ၀မ်းဆက်ကြီးနဲ့ ပြုံးနေလိုက်တာ မမောနိုင် မပမ်းနိုင်ပါပဲ။
ရပ်ကွက်လူကြီးတွေ၊ ရပ်မိရပ်ဖတွေပါ အိမ်ထဲကထွက်ပြီး ခရီးဦးကြိုပြကြတယ်။
နုနု၀င်း တစ်ယောက် အခန်းလိုက်ကာ လှပ်ကာ ကြည့်လိုက်တော့ ကိုကို့ အဖ ဗိုလ်မှူးကြီး ဦးထွန်းထွန်း(တပ်ရင်းမှူးကြီး) နဲ့ ဇနီး ဒေါ်တင်တင်၀င်း အပါအ၀င် ဗိုလ်ကတော် ငါးယောက်က ကားတွေပေါ်က ဆင်းလာခဲ့တယ်။
“ဧည့်ခန်းထဲ လူတွေစုံနေပြီ သမီးလေး နုရေ လာပါဦး” အင်မတန်ချိုသာတဲ့ မေ့မေ့ခေါ်သံပဲ။

နုနု၀င်း အတတ်နိုင်ဆုံး ပြုံးကာ ထွက်လာလိုက်တယ်။ အဲဒီနေ့က ကိုနဲ့ နုတို့ရဲ့ စေ့စပ်ပွဲလေး ကောင်းကောင်းပြီးသွားခဲ့ပါပြီ။ သီတင်းကျွတ်ရင် လက်ထပ်ပွဲ စီစဥ်ဖို့ ရက်ပါရွှေ့ထားခဲ့ကြပြီ။
အဲဒီနောက်ပိုင်း ကိုသူရ အိမ်ကို အရင်ကထက် အ၀င်အထွက်များလာတယ်။ မေမေကလည်း ခွင့်ပြုထားတော့ နုနုကို ပိုပြီး မောင်ပိုင်စီးလာတယ်။

တစ်ရက်မှာ နုနုအိပ်နေတုန်း ကိုသူရ အခန်းထဲ၀င်လာတယ်။
“ကို… ရှင်ဘာလုပ်တာလဲ အပြင်မှာ စောင့်နေပါ။ လူကြီးတွေရှိတယ် မြင်ရင်မကောင်းဘူး။”

“နုက ကိုနဲ့ မကြာခင်လက်ထပ်တော့မယ့် မိန်းမပဲဟာ”
“ကိုသူရ… နုကတော့ လက်မထပ်ခင်အထိတော့ တစ်ယောက်နဲ့တစ်ယောက်တော့ စောင့်ထိန်းပေးစေချင်တယ်၊ နုကိုလဲ နည်းနည်းတော့ လေးစားစေချင်တယ်။”

တော်တော်ကြာကြာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရတယ်…. အပြင်က မေမေရဲ့အသံကြားမှာ တိတ်ဆိတ်ငြိမ်သက်သွားတော့တယ်။”
ကိုသူရ ထွက်သွားပြီး မေမေအခန်းထဲ၀င်လာတယ်။ “မိနု မောင်သူရ စိတ်ဆိုးသွားပြန်ပြီ။ ဒီကြားထဲ မောင်သူရနဲ့ ဘာပြဿနာမှ မဖြစ်စေနဲ့ လို့ ပြောထားတယ်နော်။”

နုနု၀င်းတစ်ယောက် ဆွံ့အသွားခဲ့တယ်။ မိခင် အခန်းတံခါးပိတ်ပြီးအသွား နုနု၀င်းအံကြိတ်ကာ ဆုံးဖြတ်ချက် တစ်ခုခု ချရတော့မယ်ဆိုတာ သတိ၀င်လာတယ်။

၁၀တန်းအောင်ပြီး ကိုနဲ့ တွဲလာကတည်းက ပျောက်ဆုံးသွားတဲ့လွတ်လပ်မှု၊ ကိုယ်ပိုင်ဘ၀ဆိုတာ မေမေရဲ့ ဂုဏ်ပကာသန မက်မောမှု၊ အတ္တကြီးမှုတွေကို တွေးရင်း တွေးရင်း ညလုံးပေါက် အိပ်မရခဲ့ဘူး။ ငိုလိုက်တာများ ခေါင်းအုံးတစ်ခုလုံးကို ရွှဲနေတာပဲ။
ဒီကြားထဲတော့ ကိုနဲ့ မေမေအပါအ၀င် မိသားစုအားလုံးရဲ့ ပြောစကားကို တသဝေမတိမ်းနားထောင်ခဲ့တယ်။

၀ါဆိုလပြည့်နေ့ မေမေတို့ ဘုရားသွားကြတယ်။ နုကတော့ နေမကောင်းဘူးဆိုပြီး ကျန်နေခဲ့တယ်။ အိမ်သားများအားလုံး ထွက်သွားချိန် နုတစ်ယောက် အိတ်ကြီးကြီးတစ်ခုမှာပဲ အင်္ကျီသုံးစုံလောက်ထည့်ကာ စုထားတဲ့ ပိုက်ဆံနဲ့ လက်၀တ်လက်စားတွေကို ကောက်ယူပြီး တိတ်တဆိတ်ခြေရာဖျောက်ခဲ့ပါတော့တယ်။

ကိုကို့အဖေတို့က အသိုင်းအ၀ိုင်းကြီးပြီး လက်တံရှည်တော့ သူတို့ လုံး၀မရိပ်မိနိုင်တဲ့ အဝေးဆီကို ထွက်လာခဲ့လိုက်တယ်။ မေမေနဲ့ ကို တို့ အတော်လိုက်ရှာခဲ့တယ်လို့ကြားရတယ်။

လှောင်ချိုင့်ထဲက လွတ်လာတဲ့ ငှက်လေးတစ်ကောင်လို သူတို့ စိတ်ကြိုက် ကြိုးဆွဲတဲ့ ဘ၀က လွတ်မြောက်လာခဲ့တဲ့ နုနု၀င်းဟာ “ကျွန်မသာလျှင် ကျွန်မခန္ဓာနဲ့ ဘ၀ရဲ့ အရှင်သခင်” လို့ ပါးစပ်က ရွတ်ဆိုရင်း မှန်တင်ခုံပေါ်က မြင်နေရတဲ့ပုံကို ကြည့်ရင်း ပြုံးရယ်နေပါတော့တယ်။

Read More

Winner – Spica Lin

Feminist Literature Competition (Round 1)
Winner – Spica Lin

မှန်တစ်ချပ် ရှေ့မှာ ခဏရပ်မိချိန်
ကောက်တွန့်လိမ်နေတဲ့ ဆံပင်တွေက ဖွလန်ကြဲလို့။
မျက်လုံးအောက်ဘက်မှာ ခပ်ညိုညို။
ပါးရိုးပေါ်က အနီဖျော့ရောင်နဲ့ လက်ချောင်းရာတွေ။
သက်ပြင်းတစ်ချက်ကို အသာချ ညာဘက် ပါးပေါ်က
မျက်ရည်တစ်စက်ကို တွန်းဖိဖယ်ရင်း ဆုံးဖြတ်ချက် တစ်ခု ဖြစ်တည်လာခဲ့တယ်။
ကျွန်မ ကိုယ်ခန္ဓာကိုယ်ကို ကျွန်မ မပိုင်ဘူးလား။
ကျွန်မ နှစ်သက်တဲ့ လှောင်အိမ်ပုံ တက်တူးလေး တစ်ခု
လွယ်လွယ် မမြင်နိုင်တဲ့ လက်မောင်းပေါ်မှာ ရောက်လာချိန်
ကျွန်မ ကိုယ်ခန္ဓာကြီး အနှိပ်စက် ခံနေရပြီ။
မျက်နှာရှိမှ လူဖြစ်လာတာ ဆိုရင်
ကျွန်မက ဒဏ်ရာဒဏ်ချက်တွေနဲ့ လူ။
လူတစ်ယောက်ရဲ့ တန်ဖိုးက မျက်နှာပေါ်မှာဆိုရင်
ကျွန်မ ရဲ့ တန်ဖိုးမှာ လက်ချောင်းရာတွေ ရောထွေးနေပြီ။
ဆုံးဖြတ်ချက် တစ်ခုအတွက် အချိန် အတော်ကြာအောင်
ဝေ၀ါးနေခဲ့ပြီးပြီ။
လမ်းပေါ်မရောက်ခင် လမ်းပျောက်မှာ သိနေခဲ့ပေမဲ့
ကျွန်မ ကိုယ် ကျွန်မ ပိုင်ဆိုင်ချင်နေပြီ။
သတင်းစာထဲမှာ အမွေစားအမွေခံ အဖြစ်မှ စွန့်လွှတ်ခြင်း နှင့်
ပြဿနာကြီးငယ် ဟူသရွေ့ မသက်ဆိုင်တော့ပါကြောင်း တဲ့။
ကျွန်မ ဟားတိုက် ရယ်မောလိုက်တယ်။
ကျွန်မ ရဲ့ လွတ်မြောက်မှု အတွက် ကိုယ့်ကိုယ်ကို ဂုဏ်ပြုသင့်နေပြီ။
နောက်ဖေး လမ်းကြားမှာပဲ ခိုးသောက်ခွင့်ရခဲ့တဲ့ စီးကရက်ကို နှုတ်ခမ်းမှာ ပြန်ကိုက်လိုက်တယ်။
ကျန်းမာရေး ထိခိုက်တာတော့ ကျွန်မ သိတာပေါ့။
မိန်းမတစ်ယောက်ရဲ့ အိန္ဒြေကြောင့်ဆိုတဲ့ အကြောင်းပြချက်ကြီးနဲ့ အချိန်အတော်ကြာ မြိုသိပ်ထားရတဲ့
လုပ်ပိုင်ခွင့်တွေကို ကျွန်မ အကုန်လုပ်ပစ်မယ်။
နင် က မိန်းကလေး ဆိုတဲ့ စကားလုံးကို ကျွန်မ မုန်းတီးနေပြီ။
မိန်းကလေးဆိုတဲ့ ဘောင်အောက်မှာ အနေအထိုင် အသွားအလာ အပြောအဆို အားလုံးကို မမြင်ရတဲ့
သံကြိုးတွေနဲ့ ချည်တုတ်ခံခဲ့ရပြီးပြီ။
အခုတော့ ဒီသံကြိုးတွေကနေ ကျွန်မ ရုန်းထွက်နိုင်ခဲ့ပြီ။
ဒါကြောင့် စီးကရက်ကို မနှစ်သက်ပေမဲ့ အခွင့်အရေးတစ်ခု အနေနဲ့ မြည်းစမ်းကြည့်တယ်။
အခုဆို ကျွန်မ လက်ဖျံပေါ်မှာ တက်တူးကြီးကြီး တစ်ခု ရှိနေပြီ။
လက်မောင်းက လှောင်အိမ်လေးထက် ပိုကြီးတဲ့ ငှက်တစ်ကောင် ပုံ လေ။
ယမကာ အရက်တွေလား..။
အိုး…မကြိုက်ပေမဲ့ သောက်ကြည့်တာပါပဲ။
ကျွန်မ သိခဲ့တဲ့ လောကကြီးကဘောင်လေးကသိပ်ကျဥ်းခဲ့တာရှင့်။
မိန်းမဆိုတာ ယောကျ်ား တွေလို နေချင်သလို နေလို့မရဘူးဆိုတဲ့ ခံယူချက် တစ်ဆင့်နိမ့်တွေနဲ့ပေါ့။
အို…ကျွန်မ သိပ်ပင်ပန်းခဲ့ရတာပဲ။
မိန်းကလေး ဖြစ်နေလို့ ပင်ပန်းခဲ့ရပြီးပြီ။
မိသားစု၀င်တွေရဲ့ မွေးနေ့ပွဲလေးမှာ ကျွန်မ စိတ်မသက်သာတဲ့ ဂါ၀န်တွေ ၀တ်ရတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ မနှစ်သက်တဲ့ မိတ်ကပ်ထူထူတွေနဲ့ အလှပြင်ပြီး အိန္ဒြေရရ ပြုံးပြရတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မရဲ့ ပင်ကိုယ် ဆံပင်ကောက်တွေကို ကြည့်ကောင်း ဖြောင့်စင်းနေအောင် အချိန်ပေး ပြုပြင်ရတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ အရပ်ကို အပြောင်းအလဲဖြစ်အောင် မြင့်လွန်းတဲ့ ဒေါက်ဖိနပ်တွေ စီးရတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ စိတ်မ၀င်စားတဲ့ အိမ်မှုကိစ္စတွေကို လေ့လာသင်ယူရတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ မိရိုးဖလာ ရိုးရာ တွေ အရ ယောကျ်ားလေးတွေပဲ လုပ်ခွင့်ရှိတယ်လို့ ယူဆထားတာကို လုပ်မိလို့
ကိုယ်ထိလက်ရောက် ဆုံးမ ခံရတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ ပတ်၀န်းကျင်က ဟာသ တစ်ခုကို စိတ်တိုင်းကျ ဟက်ဟက်ပက်ပက် အော်ရယ်ခွင့် မရှိတဲ့အခါ
ပင်ပန်းခဲ့တယ်။
ကျွန်မ စိတ်တိုင်းမကျတဲ့အချိန် ခပ်တိုးတိုး ဆဲဆိုခွင့်တောင် မရှိတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ နဲ့ လုံချည်က လိုက်ဖက်တယ်ဆိုပြီး ကျွန်မ ကြိုက်တဲ့ ဂျင်းဘောင်းဘီ ၀တ်ခွင့်မရှိတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ ဆိုးချင်တဲ့ နှုတ်ခမ်းနီရဲရဲ ကို အမြင်ရိုင်းတယ်ဆိုတဲ့ မယူအဆ နဲ့ ဆိုးခွင့်မရတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ စိတ်၀င်စားတဲ့ ယောကျ်ားလေးတစ်ယောက်ကို စိတ်ထဲ ရှိတဲ့အတိုင်း ပေါ်ပေါ်ထင်ထင် ငေးကြည့်ခွင့်မရတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ မျက်နှာပေါ်က ၀က်ခြံကိုတောင် လက်နဲ့ စိတ်ရှိတိုင်း ညှစ်ခွင့်မရှိတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ ကြိုက်တဲ့ အစားအစာတွေကို စားခွင့်မရတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ ရဲ့ ကိုယ်ခန္ဓာကို ၀က်ဖြစ်တော့မယ်လို့ သတိပေးခံရတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ ကိုယ်အလေးချိန်ကြောင့် ညစာ မစားပဲ နေဖို့ ဖိအားပေး ခံရတဲ့အခါ ပင်ပန်းခဲ့တယ်။
မိန်းကလေးဆိုတဲ့ ဘောင်လေးထဲမှာ အတင်းအကြပ် ရှင်သန်ခိုင်းတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ က သက်မဲ့အရုပ်လေး တစ်ရုပ် အဖြစ်နေပေးခဲ့ရဖူးတယ်။
အိုး… သူတပါး စိတ်ကြိုက် နေခဲ့ရတုန်းက သနားစရာကောင်းလိုက်တာ…။
သတင်းစာကို လက်မှာကိုင်ရင်း ကျွန်မရဲ့ လူငယ်ဘ၀ ကို နှမျောမိတယ်။
ဘာလို့များ ဆုံးဖြတ်ချက်တွေ နောက်ကျခဲ့တာလဲလို့ ကြိတ်မနိုင် ခဲမရ ဖြစ်ရတယ်။
လောကကြီး တစ်ခုလုံးက စွန့်လွှတ်လိုက်ပါစေ။
ကျွန်မ ပါးပေါ်မှာ လက်ချောင်းရာတွေ မထင်ပဲ စီးကရက် ကို တရား၀င် လက်ထဲထည့်ခွင့်ရပြီမို့
စိတ်ချမ်းသာနေပါပြီ။
.
ခုတလော အဆင်မပြေဘူး။
အလုပ် နှစ်ခု ပြောင်းပြီးပြီ။
လက်ထဲမှာ ပိုက်ဆံ သုံးထောင်ပဲ ရှိတော့တယ်။
ချွေတာ စားရင်တောင် သုံးရက်စာ စားလို့လောက်ပါ့မလား…။
အလုပ် တစ်ခု ထပ်ရှာရမှာပေါ့။
နောက်ကြောင်းတော့ ပြန်မလှည့်ဘူး။
အခု အနေအထား မှာ ကျွန်မ ပျော်နေပြီ။
ကျွန်မ မျက်နှာမှာ စိတ်ရှိတိုင်း ညှစ်ခွင့်ရှိတဲ့ ၀က်ခြံဖုတွေနဲ့ အမာရွတ်တွေ ရှိနေတယ်။
အရပ် ငါးပေ မပြည့်လာပေမယ့် ဒေါက်ဖိနပ် မစီးမိဘူး။
မဖြောင့်တာ ကြာပြီဖြစ်တဲ့ ဆံပင်တွေက ကောက်တွန့်မွဲခြောက်တဲ့ အနေအထား။
ကျွန်မ နှုတ်ခမ်းတွေက စီးကရက် စိတ်ကြိုက်သောက်လို့ ခရမ်းရောင်ဘက်ကို သမ်းတယ်။
ကျွန်မ မျက်လုံးတွေက အိပ်ရေးမ၀တော့ ရှည်မျောမျော။
ကျွန်မ လက်ဖ၀ါး တွေက အလုပ်ကြမ်းတွေကြောင့် ကြမ်းတမ်းလာတယ်။
ကျွန်မ စိတ်တိုတဲ့ တစ်ခါတလေ စိတ်ရှိတိုင်းပေါက်ကွဲပစ်လိုက်တာပဲ။
ကျွန်မ ကြိုက်တဲ့ ဂျင်းဘောင်းဘီ နှစ်ထည်နဲ့ ကျွန်မ အ၀တ်အစားဖက်ရှင် က ပြည့်စုံနေပြီ။
ကျွန်မ စားချင်တဲ့ လမ်းဘေး အစားအစာ အကုန်စားခွင့်ရနေပြီ။
ပေါင်ချိန် တစ်ရာရှစ်ဆယ်ဆိုတာ များလို့လား။
၀ိတ်ချဖို့တော့ အစီအစဥ်မရှိသေးဘူး။
ကျွန်မ မမောပဲ အလုပ်တွေ လုပ်နိုင်သေးတယ်လေ…။
ကျွန်မ ကိုယ်ခန္ဓာကို ကျွန်မ ချစ်နေတုန်းပဲ။
ကျွန်မ ကိုယ် ကျွန်မ ပိုင်တယ်ဆိုတဲ့ ခံစားချက်ကို ကျွန်မြတ်နိုးတယ်။
ကျွန်မ ပါးဖောင်းနေပေမဲ့ လက်ချောင်းရာတွေ ကင်းနေတာ ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ။
ကျွန်မ ဘ၀ ကျွန်မစိတ်ကြိုက်ပေါ့။
ကျွန်မ ပါးပေါ်ကို ဘယ်သူ့ လက်ချောင်းရာမှ ထပ်အရောက်မခံတော့ဘူးလို့ ဆုံးဖြတ်ခဲ့တာ ကျွန်မ
နောင်တမရဘူး။
ကျွန်မ ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲ ကြမ်းတမ်းပါစေ။
ကျွန်မ မှန်ကြည့်တိုင်း စိတ်ချမ်းသာ နေတယ်။
လှောင်အိမ် တစ်ခုက လွတ်မြောက်လာခဲ့သူလို
ဘယ်တော့မှ လှောင်အိမ် ကို ပြန်မလွမ်းဘူး။
ကျွန်မ ကိုယ်ခန္ဓာကို ကျွန်မ စိတ်ကြိုက် ခြယ်လှယ်နေပေမဲ့။
ကျွန်မ ပါးပေါ်မှာ တစ်ချိန်ကလို လက်ချောင်းရာတွေ ရှိမလာတော့ဘူး။
ကျွန်မ ဘ၀မှာ လှောင်အိမ်ထဲက ထွက်လာတဲ့ အချိန်ကို ဂုဏ်အယူဆုံးပဲ။
တစ်စုံတစ်ယောက်ရဲ့ စိတ်တိုင်းကျ ရေးဆွဲလို့ရနေတဲ့ အရုပ်ခန္ဓာ မဟုတ်တော့ဘူး။
ကျွန်မ ကိုယ်ခန္ဓာသည် အမြဲတမ်း ကျွန်မပိုင် ဖြစ်နေမည်။
ကျွန်မ နှစ်သက်သလို စိတ်ကြိုက် ပုံဖော်မယ်။
ကျွန်မ ရဲ့ ရှင်သန်မှုသည် မိန်းကလေးဆိုတဲ့ ကန့်သတ်ဖိနှိပ်မှုကို ကျော်လွန်ပြီး ကျွန်မ စိတ်တိုင်းကျ ရွေးချယ်ထားသော ဘ၀မျိုး ဖြစ်ရမည်။

Read More