Feminist Literature Competition (Round 2)

Featured Selection – Phone Myat Kaythari

ကျမ နဲ့ ကျမ အိမ် လူသားတိုင်းဟာ မွေးကင်းစအရွယ်မှ အသက် ၁၈ နှစ်ပြည့်သည်အထိ “အိမ်” ဆိုသည်နေရာမှာ မိသားစုရဲ့စောင့်ရှောက်မှုကို ခံယူကြရတယ်။ထိုကာလမှာ အစာရေစာလုံလောက်မှု၊ပညာသင်ယူနိုင်မှု အစရှိသည့် ရုပ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု့ အပြင် မိဘတွေ ဆီကနေ(unconditional love) လို့ခေါ်တဲ့ ၅၂၈ ချစ်ခြင်းမေတ္တာမျိုးကိုလည်းရရှိဖို့လိုအပ်ပါတယ်။အကယ်၍လူတစ်ယောက်ဟာသူူ့ရဲ့ငယ်ဘဝမှာလုံလောက်တဲ့ ရုပ်ပိုင်းဆိုင်ရာစောက်ရှောက်မှုမရရှိခဲ့ဘူး၊ စိတ်ပိုင်းဆိုင်ရာ လျစ်လျျူရှုခံရတယ်၊မိသားစုဝင်များ၏ အကြမ်းဖက်ခြင်းခံရတယ်ဆိုရင် ထိုလူဟာ မိမိကိုယ်ကိုယုံကြည်မှု့ရှိမရှိခြင်း၊အဆိုးမြင်ဝါဒရှိခြင်း အစရှိသည် စိတ်ပိုင်းဆိုင်ရာချို့ယွင့်းမှု့များဖြစ်ပေါ်လာနိုင်ပါတယ်။အထူးသဖြင့်အိမ်တွင်းအကြမ်းဖက်ခံရတဲ့ မိသားစုမှာကြီးပြင်းလာရပါက အကြမ်းဖက်သူ(အဖေသို့မဟုတ်အမေ) ရဲ့အပြု အမူ(Character) များ ကူးစက်လာနိုင်ပါတယ်။ ဒီမှာကျွန်မကအိမ်တွင်းအကြမ်းဖက်မှုနှင့်ပတ်သတ်ပြီးအနည်းငယ်ရှင်းပြချင်ပါတယ်။အိမ်ထောင်တစ်ခုတွင်ပါတနာ(ယောက်ျား သို့မဟုတ် မိန်းမ) ကိုဖြစ်စေ၊ ကွာရှင်းပြတ်စဲထားသော လက်တွဲဖော်ဟောင်းမှဖြစ်စေ၊ ဆွေမျိုးများမှဖြစ်စေ ကာယကံရှင်၏ စိတ်ဆန္ဒကိုဆန့်ကျင်၍ တစ်စုံတစ်ခုကိုစေခိုင်းခြင်း၊ ထိခိုက်နာကျင်အောင်ပြု လုပ်ခြင်းဟာ အိမ်တ င်းအကြမ်းဖက်ခြင်းပင်ဖြစ်ပါသည်။မြန်မာမှု့အသိုင်းဝိုင်းမှာ အိမ်ထောင်ပျက်တယ်ဆိုတာကို အပြစ်တစ်ခုလို့ မြင်တာကြောင့် အိမ်ထောင်ရေးအဆင်မပြေရင်တောင် သားသမီးတွေ စိတ်အားငယ်မှာဆိုးလို့ ၊ ပတ်ဝန်းကျင်ကကဲ့ရဲ့မှာကြောက်လို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ဆက်လက်ပေါင်းသင်းတတ်ကကြပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့အမျိုးသမီး(၅)ယောက်မှာ(၁)ယောက်ဟာ အိမ်တွင်းအကြမ်းဖက်မှုကိုခံစားနေရတယ် ။ဇနီးမယာားအား မိမိစိတ်အလိုမကျတိုင်းရိုက်နှက်ခြင်း၊ဖောက်ပြန်သည်ဟုစွပ်စွဲကာ မနာလိုစိတ်ကို ဗန်းပြ၍ရိုက်နှက်ခြင်း၊အရက်မူးလာ၍လက်ပါခြင်းတို့သည်ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများဖြစ်သည်။သို့သော် မြန်မာအမျိးသမီး အိမ်မထာင်ရှင်တို့သည် “အိမ်ထောင်ကျပြီးရင်တော့ …ယောကျ်ားရိုက်တာခံရမှာပဲ ” ဟူသည့် မည်သူတီထွင်ထားမှန်းမသိသော ဆိုရိုးကို စိတ်မှာ စွဲမှတ်ကာ မိမိအားအကြမ်းဖက်လို့ ဖက်မှန်းမသိခေါင်းငုံ့ခံကြသည်မှာအလွန်သနားစရာကောင်းလှပါသည်။တချို့အိမ်ထောင်ရှင်အမျိးသားများကြတောွလည်းမိမိဇနီးသည်ကိုအလိုမတူသည့်နည်းလမ်းနှင့်အတင်းအဓမ္မကာမဆက်ယှက်ကြသည်။အိမ်ထောင်ကြပြီးပါက မိန်းမများကို sex object ကဲ့ သို့သဘောထား၍ မလေးမစားပြု မူတတ်ကြသည်။အမှန်မှာ လင်မယားဖြစ်စေ၊သမီးရည်းစားဖြစ်စေအလိုမတူလိင်ဆက်ဆံပါကလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု့မြောက်သည်။အထက်ဖော်ပြပါအိမ်တွင်း အကြမ်းဖက်မှုမှာ သွေးထွက်သံယိုဖြစ်ရပ်များပါဝင်တာကြောင့် အကြမ်းနည်းသည်။အနုနည်းမှာ“စိတ်ပိုင်းဆိုင်ရာအရ၊စီးပွားရေးအရ”အကြမ်းဖက်မှု့ဖြစ်သည်။ထိုအနုနည်းဖြင့် အကြမ်းဖက်မှုမျိုးကို အမျိုးသားများက အများအားဖြင့် ကြုံတွေ့ကြရသည်။” သူများယောက်ျားတွေများပိုက်ဆံရှာနိုင်လိုက်တာ…ရှင်ကြတော့အဖြစ်ကိုမရှိဘူး”စသဖြင့်ထူးခြားချက်မှာဓလေ့ ထုံစံများပေါများခြင်းဖြစ်သည်။မိမိတို့နိုင်ငံရှိဓလေ ထုံးစံများကိုသာမက “မိန်းမဆိုတာ အယုတ်မျိုး” ဆိုသည့်အိမ်နီးချင်းနိုင်ငံမှ အယူအဆကိုလည်း ကော်ပီ (Copy) ပွားမှတ်ယူကြသေးသည်။ထိုအယူအဆက ဘယ်သူကစ၍မိန့်ဆိုလိုက်လည်းမသိ၊သေချာတာကတော့မိန်းမများကိုအလွန်မုန်းနေသူပင်ဖြစ်သည်။ကျွန်မကတောယောက်ျားများကမိန်းမများကိုနိုင်စားရန်အကြောင်းမရှိအကြောင်းရှာဖန်တီးထားတယ်လို့ပဲထင်မြင်မိသည်။အမျိုးသမီးများသည် “အမျိုးးယုတ်” များမဟုတ်ချေ၊ အမျိုးသားကောင်းများကို မွေးထုတ်ပေးသည့်ကရုဏာရှင်များဖြစ်သည်။အမျိုးသမီးများမရှိပဲ နှင့်ထိုယုတ်ညံသည ်အယူအဆများကို ဖန်တီးခဲ့သည့်လူမျိုးစုလည်းမမွေးဖွားလာနိုင်ချေ။ထို့ကြောင့် မိသားစုအတွင်းတွင် ထိုကဲ့သို့ အဓိပ္ပာယ်မရှိသည့် အယူအဆ၊ဓလေ့ထုံးတမ်းများနှင့် အကြမ်းဖက်လာပါက လုံးဝလက်မခံသင့်ပေ။ အမျိုးသမီးတွေဟာ အိမ်ထောင်မပြု မီကတည်းက မိမိကိုယ်ပိုင်ဝင်ငွေကိုဖန်တီးနိုင်အောင် အတတ်ပညာတစ်ခုခုကိုသင်ယူထားသင့်သည်။ထို့ပြင် လက်မထပ်ပီကတည်းက မိမိအိမ်ထောင်ဖက်နှင့် မိမိသည် ဘဝနဲ့ ပတ်သတ်သည့်ခံယူချက်ခြင်း၊ တန်ဖိုးထားတတ်ခြင်းတူညီလားဆိုတာကို ကြိုတင်လေ့ လာထားသင့်ပေသည်။အကယ်၍ အရွေးမှားသွားခဲ့လျှင်လည်း မိုက်ကန်းကန်းနှင့် ဆက်မလျှောက်ပါနဲ့၊အိမ်ထောင်ရေးပြတ်စဲသင့်လျှင်ပြတ်စဲရပါမည်။ထိုကဲ့သို့ အချိန်မရွေးကွာစဲပြတ်စဲ နိုင်ရန်အတွက် ယောကျ်ားဝင်ငွေပေါ်ကိုချည်းမှီခိုနေလို့မဖြစ်ချေ။ဒါကြောင်အမျိုးသမီးတွေအနေဖြင့်အိမ်တွင့်အကြမ်းဖက်မှုကိုကြိုတင်ကာကွယ်နိုင်သည့်အကောင်းဆုံးနည်းလမ်းမှာမည်သူူ့အကူညီမှမလိုဘဲကိုယ်ဟာကိုယ်ရပ်နိုင်အောင်ကြိုးစားခြင်းပင်ဖြစ်သည်။ သုသေတနစစ်တမ်းများအရ ငယ်စဉ်အခါကအိမ်တွင်းအကြမ်းဖက်မှု့များကိုကြုံတွေ့ခဲ့ရသော ကလေးအများစုသည်အရွယ်ရောက်လာသောအခါ အကြမ်းဖက်သမားများဖြစ်လာတတ်ကြသည်။သို့ဖြစ်၍ မိခင်များအနေဖြင့်မိမိတို့၏သားသမီးများတွင်အလားတူဖြစ်ရပ်မျိုးမဖြစ်ရလေအောင်အိမ်တွင်းအကြမ်းဖက်မှုများကိုလုံးဝလုံးဝခေါင်းငုံ့မခံသင့်ပေ။ကျွန်မကိုယ်တိုင်လည်းအမျိုးသမီးတစ်ယောက်ဖြစ်သည့်အတွက်ထိုကဲ့သို့အိမ်တွင်းအကြမ်းဖက်မှုများကိုလုံးဝလက်မခံချေ။ကျွန်မ၏ငယ်ရွယ်စဉ်ကကြီးပြင်းခဲ့ရသော”အိမ်”တွင်တော့အိမ်တွင်းအကြမ်းဖက်မှု့များမကြုံတွေ့ခဲ့ချေ။သို့သော်အနာဂတ်တွင်ကျွန်မ၏လက်တွဲဖော်နှင့်အတူဖန်တီးရမည့်”အိမ်”တွင်အိမ်တွင်းအကြမ်းဖက်မှု့များကင်းရှင်းအောင်တော့ဆက်လက်ကြိုးစားသွားရပေအုံးမည်။