Feminist Literature Competition(4)

Featured Selection – “Moe-z May”

“တို့များခြေလှမ်း”

ဆယ်စုနှစ်များ၊ ဖြတ်သန်းပြီကား ပြည်တွင်းစစ်ဒဏ်၊

တို့များခံလျှက် စစ်အာဏာအောက်၊

တို့များရောက်ခဲ့။ အဘယ်မှာငြိမ်းချမ်း၊

စုံလုံးကန်းဘဝ ပဋိက္ခအစုံ၊

ခါးဆီးကြုံလို့ မျှော်ခဲ့ဒီမို၊ ခရီးရှည်ကို။

ကျား မ တန်းတူ၊ အခွင့်ဟူကို

လျစ်လျူပြုကြ၊ ဖယ်ကြဥ်ကြနှင့်

ဖိုဝါဒီများ၊ ကြီးစိုးထား။

တို့များခွဲထွက်၊ အမျိုးသမီးထုအတွက်

ရည်ညွှန်းကြိုးပမ်း၊ တို့များခြေလှမ်

ရှေ့ဆက်ခရီး၊ နီးချင်ပြီ။

မျိုးစုကွဲပြား၊ ကိုးကွယ်ရာခြားလည်

း တို့များတူညီ၊ ဒဏ်ရာကိုယ်စီနှင့်

ဖိနှိပ်ခံကြရ၊ ထပ်တူညီဘဝ။

ညီမျှဝါဒ၊ ထူထောင်ကြဖို့ တို့များတော်လှန်၊

အမိန့်ဖီဆန်လို့ အာဏာရှင်ဝါဒ၊ ကျဆုံးကြစေ။

စာရေးသူ − Moe-z May