ကိုယ့်အသက်၁၂နှစ်ပြည့်တော့မွေးနေ့အမှတ်တရဘုန်းကြီးကျောင်းမှာဆွမ်းကပ်မယ်ဆိုပြီးအပါး- (အဖေကိုအပါးလို့ခေါ်ကြတာပါ) ကဆွမ်းအတွက်စီစဉ်ပြီးမောင်လေးရယ်ကိုယ်ရယ်အပါးရယ်ဘုန်းကြီးကျောင်းကိုချီတက်ကြပါတယ်။ အမေနဲ့ညီမကအလုပ်မအားလို့မလိုက်ခဲ့ပါဘူး။
ကိုယ့်အသက်၁၂နှစ်ပြည့်တော့မွေးနေ့အမှတ်တရဘုန်းကြီးကျောင်းမှာဆွမ်းကပ်မယ်ဆိုပြီးအပါး- (အဖေကိုအပါးလို့ခေါ်ကြတာပါ) ကဆွမ်းအတွက်စီစဉ်ပြီးမောင်လေးရယ်ကိုယ်ရယ်အပါးရယ်ဘုန်းကြီးကျောင်းကိုချီတက်ကြပါတယ်။ အမေနဲ့ညီမကအလုပ်မအားလို့မလိုက်ခဲ့ပါဘူး။ အဲ့ဘုန်းကြီးကျောင်းကအဲ့နယ်မှာနာမည်အကြီးဆုံးကျောင်း၊ဘုန်းကြီးကဂူထဲမှာကျင့်တာ၊သက်တော်၇၀ကျော်ဖြစ်နေတဲ့ဘုန်းကြီးတပါးထဲသီတင်းသုံးတာမို့တဖြည်းဖြည်းနာမည်ကြီးလာတာ။ ကိုယ်တွေသွားကပ်တဲ့အချိန်တုန်းကသူကအတော်သြဇာကြီးနေပြီ။ သူသီတင်းသုံးတဲ့ကျောက်ဂူကိုအပူအအေးစက်တွေ၊သူ့အတွက်ကပ္ဗိယတွေဘာတွေထားပေးနေပြီ။ (မျက်လုံးထဲကွက်ကွက်ကွင်းကွင်းမြင်ရအောင်ရှင်းပြပေးတာပါ။) ကိုယ်တွေကလဲနာမည်ကြီးဘုန်းတန်ခိုးကြီးတဲ့ဆရာတော်ဆိုတော့ကုသိုလ်ရအောင်မွေးနေ့ဆွမ်းသွားကပ်ကြတယ်ပေါ့။
ဆွမ်းဘုဉ်းပေးပြီးတော့သူ့ကျောက်ဂူကိုပြမယ်ဆိုပြီးကိုယ့်ကိုခေါ်တယ်။ကိုယ်ကလဲ၁၃နှစ်ဆိုတော့ စူးစမ်းကောင်းတုန်းအရွယ် ကျောက်ဂူတွေဘာတွေဆိုတာမြင်မှမမြင်ဖူးတော့ အထဲတွေလျှောက်ကြည့်ချင်တာနဲ့မောင်လေးကိုခေါ်ပြီးဘုန်းဘုန်းနောက်လိုက်တာပေါ့။ အပါးကတော့ကပ္ဗိယနဲ့စကားပြောကျန်ခဲ့တယ်။အဲ့အချိန်ကခုလိုသက်ငယ်မုဒိန်းတွေဘာတွေခေတ်မစားသေးတော့အပါးကလဲအမှုမဲ့အမှတ်မဲ့ပါပဲသွားကြည့်လေဆိုပြီးတောင်တိုက်တွန်းလိုက်သေးတယ်။( ဒါတောင်ကိုယ့်အဖေကမောင်နှမဝမ်းကွဲပေါင်ပေါ်တက်ထိုင်တာမျိုးတောင်လက်မခံပဲသမီးတွေကိုဂရုစိုက်တဲ့အဖေပါ။)
အဲ့မှာဂူတွေထဲကိုလျှောက်ကြည့်တော့မောင်လေးကဘေးမှာငေးနေတုန်းဘုန်းဘုန်းကဒီဟာဂူရဲ့အနက်ဆုံးပဲဆိုပြီးအပေါက်ကြီးတခုကိုပြလို့ကျမစိတ်ဝင်တစားကြည့်နေတုန်းမှာပဲကျမကျောကိုဖိထားပြီးနောက်လက်တဖက်နဲ့သားမြတ်( နို့) ကိုညှစ်ပါတယ်ရှင့်။အတော်ကိုမခံမရပ်နိုင်အောင်ကိုအားရပါးရလုပ်လို့သိတာပါ။ပုံမှန်လက်တင်ရုံလောက်ပဲဆိုရင်တောင်မတော်တဆထိတာလို့ထင်မှာ။
အဲ့မှာအပါးဆီရောက်အောင်အတင်းထွက်ပြေးပြီးပြီးမှကိုယ့်မောင်လေးကိုသတိရ၊စိတ်ထဲယောင်္ကျားလေးဘာမှမဖြစ်နိုင်ဘူးဆိုတာတောင်မတွေးမိပဲမောင်လေးကိုနာမည်အတင်းခေါ်ပြီးကိုယ့်အဖေဆီအတင်းပြေးတယ်။
အပါးနားကိုရောက်သည့်တိုင်အမောမပြေဘူး၊ရင်တုန်မပြေဘူး၊အရမ်းလဲဝမ်းနည်းတယ်။ငါဘာမှားလို့ငါ့ကိုဒီလိုလုပ်တာလဲပေါ့။အပါးကိုလဲလုံးဝမပြောရဲပဲပြန်ဖို့အတင်းပူဆာပြီးပြန်ခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်အဲ့ထဲကနေအသက်၂၀ကျော်လောက်အထိ အိမ်ကဘုန်းကြီးကျောင်းသွားမယ်ခေါ်ရင်တခုခုကိုစိတ်အလိုမကျသလိုဒေါသထွက်သလိုနဲ့မလိုက်ဖြစ်တော့ဘူး။ တကယ်ကကြောက်နေတာ။ညဘက်တွေလဲအဲ့အကြောင်းကမက်လိုက်ရတဲ့အိမ်မက်ဆိုး။စိတ်မလုံခြုံသလိုအမြဲခံစားရတာအသက်အတော်ရတဲ့အထိ။
အခုနောက်ပိုင်းမှEx ရဲ့ကောင်းမှုနဲ့ဘုန်းကြီးကျောင်းအတော်များများကိုရောက်မှကိုယ့်စိတ်ကိုယ်ပြန်တည်ဆောက်ရတာ။နင်ဘာမှမမှားခဲ့ဘူး၊နင်ကအယုတ်မာခံရတာ၊ဘာမှဝမ်းနည်းစိတ်မလုံခြုံစရာမလိုဘူး၊ဘုန်းကြီးကျောင်းကိုကြောက်နေစရာမလိုဘူး၊ဘုန်းကြီးတိုင်းကဒီလိုမဟုတ်ဘူး၊နင့်ကိုလုပ်သွားတာသာလူယုတ်မာစသဖြင့်ပေါ့…
ပြောချင်တာကကိုယ်ကမိန်းကလေးထဲမှာမှအတော်ကိုအကြောက်အလန့်နဲရဲတင်းပြီးပွင့်လင်းတဲ့ထဲမှာပါပါတယ်။ ငယ်ဘဝထဲကလက်ဖက်ရည်ဆိုင်ရှေ့လမ်းမလျှောက်ရဲတာတို့၊ကိုယ့်ကိုလှမ်းစခံရရင်ရှက်တာတို့လုံးဝမရှိခဲ့တဲ့လူ၊ဒီလိုမိန်းကလေးမျိုးတောင်မှသြဇာကြီးမားတဲ့လူတွေကိုးကွယ်တဲ့ပုဂ္ဂိုလ်ရဲ့လုပ်ရပ်ကိုဖအေကိုအသိမပေးရဲဘူး။ကိုယ့်အမှန်တရားကိုထုတ်ဖော်ဖို့သိပ်ကြောက်သိပ်ဝမ်းနည်းပြီး၊အဲ့ကိစ္စကိုပြောလိုက်ရင်ငါ့များအပြစ်တင်တော့မလား။ငါ့ကိုမယုံပဲနေကြမလား။ငါအနေအထိုင်မတတ်လို့များပြောကြမလားဆိုတဲ့စိတ်နဲ့မြိုသိပ်ပြီးနှစ်ရှည်လများစိတ်သောကအရောက်ခံ၊အိမ်မက်ဆိုးမက်မပြေပဲရှိခဲ့ရတယ်။
ဒါကြောင့်ခုလိုချိန်မှာအဲ့လိုအဖြစ်မျိုးဘယ်လိုကလေးမျိုးမှာဖြစ်ဖြစ်စိတ်ဝင်တစားမေးတယ်စုံစမ်းတယ်၊ဒေါသလဲထွက်တယ်ကလေးတွေကိုမှလုပ်ရက်လေခြင်းဆိုပြီး။တကယ်လို့စော်ကားခံရတာအမှန်တရားဆိုလူယုတ်မာတွေကိုအပြစ်ပေးအရေးယူလို့ရအောင်နည်းမျိုးစုံနဲ့ကူညီမယ်လို့ဆုံးဖြတ်ထားတယ်။
ကျမတို့မိန်းကလေးတွေတိုင်းရဲ့ငယ်ဘဝမှာဒီလိုမျိုးမသိမသာစော်ကားခံမြိုချခဲ့ရတာမျိုးတွေရှိခဲ့ကြပါတယ်။ မိဘတွေအနေနဲ့လဲတခုခုဆိုကလေးတွေကိုယုံပေးပါ။သူ့ရဲ့စကားတွေကိုစိတ်ဝင်တစားနားထောင်ပေးကြပါ။သူတို့မျက်နှာရိပ်မျက်နှာကဲကိုအမြဲအကဲခတ်ပြီးသူတို့ကိုနားလည်ဖို့ကြိုးစားပေးကြပါ။ကိုယ့်သမီးအပျိုပေါက်ကိုဘယ်လိုယောင်္ကျားနဲ့မှစိတ်ချလက်ချလွှတ်မပေးထားကြပါနဲ့။အိမ်နီးချင်းမို့၊ငယ်ဘဝထဲကထိန်းပေးခဲ့တာမို့၊အကိုလိုနေကြတဲ့လူတွေမို့၊ဆရာနဲ့တပည့်မို့၊ဘုန်းကြီးမို့ဆိုပြီးလွှတ်မထားကြပါနဲ့။
အခုလိုဖြစ်ရပ်မျိုးကြုံတွေ့ခဲ့ရတာမျိုးရှိရင်လဲကွန်မန့်မှာမျှဝေပေးနိုင်ပါတယ်။သီးခြားပိုစ့်တွေတင်ပြီးလဲမျှဝေနိုင်ပါတယ်။ကျမတို့မျှဝေတာကိုမိဘတွေဖတ်မိပါစေလို့လဲမျှော်လင့်ပါတယ်။
ဆောင်းပါးရှင် – May Thayaphy Win Than