Chimamanda Ngozi Adichie
A Feminist Manifesto In Fifteen Suggestions
In February 2019, we have translated and published Dear Ijeawele or A Feminist Manifesto In Fifteen Suggestions by Chimamanda Ngozi Adiche into Myanmar Language with a public and media launch event in Yangon.
DIGITAL SEO MARKETING TO 10X YOUR LEADS
About The Book
The translator of the book, Nandar who is the founder of Purple Feminists Group obtained the rights to publish and distribute the Burmese version of the book. In 2017, she translated We Should All Be Feminists by Chimamanda Ngozi Adichie.
ချစ်လှစွာသော အီဂျီဝီလီ (သို့မဟုတ်) ဖီးမီးနစ် အကြံပြုချက်(၁၅) ချက်
အခြား စာအုပ်များစွာ နှင့်အတူ ကျွနုပ်တို့ အားလုံး ဖီးမီးနစ် ဘာကြောင့် ဖြစ်သင့်သလဲ (We Should All Be Feminists) နှင့် အမေရီကာနာ (Americanah) စသော အရောင်းကောင်းဆုံး စာအုပ်တို့ကို ရေးသူ ချိမာမာန်ဒါ နဂိုဇီ အဒီချီသည် သူမ ချစ် သူငယ်ချင်းကို ရေးသည့် စာအဖြစ် ထက်မြက်သော ဖီးမီးနစ်စာသားများကို ထုတ်လွှတ်လိုက်ပါပြီ။ မနှစ်က နန္ဒာ မြန်မာဘာသာပြန်ထားသည့် အက်ဒီချီဧ။် We Should All Be Feministsတွင် ပိုမို မျှတပျော်ရွှင်တဲ့ ကမ္ဘာတည်ဆောက်ရန် သား နှင့် သမီးတို့အား ခုနှင့် မတူညီအောင် ပြုစုပျိုးထောင်ရမယ်လို့ သူမ ပြောခဲ့သည့်အတိုင်း ချစ်သော အီဂျီဝီလီ (သို့မဟုတ်) ဖီးမီးနစ်တစ်ဦးဧ။် အကြံဉာဏ်(၁၅) ချက် စာအုပ်တွင် မည်သို့ လုပ်ဆောင်ရမည် ဟူသော နည်းလမ်းကောင်း ၁၅ ချက်ကိုလည်း ဥပမာများစွာဖြင့် ဖော်ပြထားပါသည်။ ဤစာအုပ်သည် ကလေးတစ်ယောက် ထက်မြက် စွမ်းရည်ရှိပြီး မျှတမှုကို နားလည်သဘောပေါက်သော လူသားတစ်ယောက်ဖြစ်လာအောင် မည်သို့ပြုစုပျိုးထောင်ရမည့် နည်းလမ်းတို့ကို ပေးထားပါသည်။
ထိုသို့ အရေးပါသော ဖီးမီးနစ် စာပေကို ကျယ်ဝန်းစွာ ဖြန့်ကျက်ရောက်ရှိစေရေးအတွက် အချိန်တိုင်း ကျွနု်ပ်တို့ အားလုံး ဘာကြောင့် ဖီးမီးနစ် ဖြစ်သင့်လဲ စာအုပ်ကို ၂၀၁၇တွင် ဘာသာပြန်ခဲ့ ဖြစ်သူ၊ မြန်မာနိုင်ငံတွင် The Vagina Monologues ပြဇာတ်ကို ဦးဆောင်ခဲ့သူ နှင့် ခရမ်းရောင် ဖီးမီးနစ် အဖွဲ့ကို စတင်ခဲ့သူ မနန္ဒာမှ မြန်မာဘာသာပြန်ကာ မူရင်းစာရေးသူထံမှ ထုတ်ဝေခွင့်နှင့်အတူ ထုတ်ဝေခြင်းကို လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။